Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Breaking News: စစ်ကောင်စီက မင်းပြားမြို့နယ်ကို ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်၊ သေကံရွာမီးလောင်နေ

AB New – မတ်လ ၂၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ် သေကံကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ရွာ မီးလောင်နေကြောင်း ရွာသားတစ်ဦးက AB News သို့ သတင်းပေးပို့သည်။

အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ မတ်လ ၂၉ ရက်၊ ည ၁၁ နာရီတွင် မင်းပြား သေကံရွာသို့  ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံးကြဲချခဲ့ရာ ရွာ မီးလောင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ည ၁၁ နာရီလောက်မှာပါ၊ ဗုံး ၃ လုံး ကြဲချသွားတယ်။ အခု မီးလောင်နေပါတယ်၊ လူအသေ အပျောက်တွေတော့ မသိရသေးဘူး” ဟု ဆိုသည်။

သေကံရွာသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သည်မှာ ၄ ကြိမ်မြောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လူထိခိုက်သေဆုံးမှု၊ ပျက်စီးမှုများကို AB News က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ