Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Arakan Bay News က အပတ်စဥ်တင်ဆက်ပေးနေတဲ့ Weekly News အစီအစဥ်

Arakan Bay News က အပတ်စဥ်တင်ဆက်ပေးနေတဲ့ Weekly News အစီအစဥ်

သြဂုတ်လ ၆ရက်နေ့သတင်းစုစည်းမှု

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် သြဂုတ်လအစပိုင်းမှစပြီး ၆ ရက်နေ့ထိ ရေကြီးမှုများဖြစ်ပွားနေပြီး စစ်ဘေးရှောင် ၅၀၀၀ ကျော်မှာ ကုန်းမြင့်နေရာသို့ ရွှေ့ပြောင်းခဲ့ရတယ်လို့သိရပါတယ်။

လက်ရှိမှာ စားဝတ်နေရေးအခက်ခဲ့ကြောင့် စခန်းဘေးရှောင်စခန်းကိုပြန်လာ၍ နေထိုင်ကြရတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ABNကိုပြောပြခဲ့ပါတယ်။

သြဂုတ်လ ၅ရက်နေ့သတင်းစုစည်းမှု

ပုဒ်မ ၂ခုဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့နယ် ကာဒီရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းမှာ သြဂုတ်လ ၂ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။

ဦးလှမောင်သန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့က ခမရ ၅၃၉တပ်ရင်းမှ တပ်ရင်းမှူးဦးဆောင်၍ ဖမ်းဆီးခဲ့ပါတယ်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရသော ဦးရာဇ်တောင်ကြိုးတံတားကို ပြန်လည် တည်ဆောက်ပြီးစီးနေပြီဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ တံတားကို သြဂုတ်လ ၂ ရက်နေ့က ပြန်လည် စတင်ဖွင့်လှစ်ခဲ့ပြီး တံတားဖြတ်ကူးခ ငွေ ၁၀၀ ကျပ်သတ်မှတ်ထားကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။

တံတားကို ပြန်လည်ပြုပြင်ရာတွင် ကျပ်ငွေ သိန်း ၇၀၀ နီးပါးကုန်ကျခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင်းရှိ နေအိမ်နှင့် ထမင်းဆိုင်ဖျက်ဆီးခံရပြီးနောက် ၎င်းတို့ ၂ဦးကို ပုဒ်မ ၉(၁)နှင့် အမှုဖွင့်တရားစွဲဆိုခံထားရတယ်လို့သိရပါတယ်။

တရားစွဲဆိုခံရသူ ၂ဦးမှာ ဦးအောင်လွှင် အသက်၅၇ နှစ်နှင့် ညီဖြစ်သူ ဦးမောင်သန်းဌေး (ခ) မောင်ပွား တို့ဖြစ်ကြပြီး အမှတ်(၃)ရပ်ကွက်၊ စောမဲကြည် လမ်းရှိ အနံပေ ၅ဝ၊ အလျားပေ ၇၀ ကျော်ရှိသည့်​ ကိုယ်ပိုင်အိမ်ကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ရဲအပါအဝင် ဌာနဆိုင်ရာ ၅ခုက လူအင်အား ၁ဝဝ ခန့် အင်အားနဲ့ဖျက်စီးခဲ့တယ်လို့သိရပါတယ်။

သြဂုတ်လ ၄ရက်နေ့ သတင်းစုစည်းမှု

ရခိုင်ပြည် ရမ်းဗြဲမြို့နယ်တွင်ရှိသော ၅၆၆၃၃ဧကအထိကျယ်ဝန်းသော ဝန်ဗိုက်ဒီရေတောကြီးမှာ အာရှတွင် ဒုတိယအကြီးဆုံး ဒီရေသစ်တောကြိုးဝိုင်းကြီးတစ်ခုဖြစ်ပါတယ်။

အဲဒီ ဒီရေတောကြီးကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ထောက်ပံ့ငွေများ လိုအပ်နေတယ်လို့သိရပါတယ်။

အဲဒီ ဒီရေတောကြီးကို တစ်ရက်ကင်းလှည့်ပါက ဓာတ်ဆီ ၁၅ ဂါလံခန့် ကုန်ကျပြီး တစ်လလျှင် ၁၂၀ ဂါလံမျှကုန်ကျနေတယ်လို့သိရပါတယ်။ လက်ရှိမှာ ဓာတ်ဆီ ၁ဂါလံကို ငွေကျပ် ၁သောင်းကျော်နီးပါးပေးဝယ်နေကြရပြီး ထိုဒေသမှဒေသခံများမှာ ငွေကြေးအကူအညီထောက်ပံ့ပေးမှုများစွာလိုအပ်နေတယ်လို့သိရပါ။

စစ်ကောင်စီမှ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသော ကျောက်ဖြူမြိူ့နယ်မှ ဒေသခံများကို ၂၈ကြိမ်မြောက်ရုံးချိန်းကို သြဂုတ်လ ၂ရက်နေ့ ရုံးထုတ်ခဲ့ပါတယ်။

ရုံးထုတ်ခဲ့ပေမယ့် စစ်ဆေးမေးမြန်းခြင်းတစုံတရာမရှိဘဲ ဆက်လက်ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

တောင်ကုတ်မြို့နယ်တွင် မုန်တိုင်းငယ်ကြောင့် မိုးကြီး၍ ရေတက်သောကြောင့် တန်းလွှဲတိုက်နယ်ဒေသရှိ သက္ကေကျွန်းနှင့် ပန်းတင်းကျွန်းဒေသမှာ တာတမံတွေ ကျိုးပေါက်သွားခဲ့တယ်လို့သိရပါတယ်။

အဲဒီဘတာတမံကျိုးပေါက်ခြင်းကြောင့် လယ်ကွင်းထဲရှိစပါးများပျက်စီးသွားပြီး၊ ကျွဲ၊ နွားများကို ဘုတ်ဖြင့်သယ်ယူနေရတယ်လို့သိရပါတယ်။

ALP မှ ၃လ ကျော်ကြာဖမ်းဆီးထားသော ပေါက်တောမြို့နယ် ငွေတွင်းတည်ရွာမှ ကလေး ၂ဦးမိခင် မသန်းသန်းဌေးကို ငွေကျပ် ၃ သိန်းပေးပါက ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း မသန်းသန်းဌေးမိခင်ထံမှ သိရပါတယ်။

သြဂုတ်လ ၃ရက်နေ့သတင်းစုစည်းမှု

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းခဲ့၍ လူပုဂ္ဂိုလ်တစ်ချို့ကိုဖြုတ်ချပြီး ထိုနေရာတွင် တခြားလူများကို ပြောင်းရွှေ့တာဝန်ပေးလိုက်ကြောင်း သြဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်ကြေညာချက်အရသိရပါတယ်။

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းတင်းတိုက်နယ် ကုလရောင်ရွာမှာ သြဂုတ်လ ၂ရက်နေ့ နေ့လည် ၁နာရီကျော်အချိန်က မိုးကြီးပြီး ပင်လယ်ရေလှိုင်းကြီးသောကြောင့် လူနေအိမ် ၄၆ ဆောင်ပျက်စီးသွားတယ်လို့သိရပါတယ်။

သြဂုတ်လ ၂ရက်နေ့က ရခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ မြို့တော်ခန်းမ စစ်ဘေးရှောင်စခန်းက အသက် ၁၆နှစ်အရွယ် မသိန်းသိန်းစိုးသည် သူငယ်ချင်း ၄ယောက်နဲ့အတူ မျှစ်သွားချိုးရာမှ ပျောက်ဆုံးနေခဲ့ပါတယ်။ သူ့မကို ကို သြဂုတ်လ ၃ရက်နေ့က အထက်တင်းမရွာမှ ပြန်လည်တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

သြဂုတ်လ ၂ရက်နေ့ ညနေ ၆နာရီခန့်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာက အသက် ၃၇နှစ်အရွယ် ဦးဝင်းမောင်မှာ ငါးရှာထွက်ရာမှ ရေနစ်သေဆုံးခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်းကျွန်း၊ အလယ်ချောင်းရွာမှ သြဂုတ်လ ၁ရက်နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းငယ်အရှိန်ကြောင့် တာတမံတွေ ကျိုးကျပျက်စီးသွား၍ လယ်ကွင်းထဲသို့ ဆားငံရေ ဝင်ရောက်ခဲ့မှုကြောင့် လယ်ဧက ၂၀ ကျော်ပျက်စီးခဲ့ရတယ်လို့လယ်သမားတွေဆီက သိရပါတယ်။

သြဂုတ်လ ၂ရက်နေ့ သတင်းစုစည်းမှု

Western News သတင်းဌာနသို့ အင်တာဗျူးဖြေဆိုခဲ့၍ ထောင်ဒဏ်ကျခံနေရတဲ့ ပလက်ဝမှ ကိုတင်ထွန်းအောင်အပါဝင် အကျဥ်သား ၃၃ဦးဟာ သြဂုတ်လ ၂ရက်နေ့ကဘစစ်တွေ အကျဥ်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။

ရခိုင်ပြည်ရှိ တောင်ကုတ်၊ သံတွဲ၊ ရသေ့တောင်ဒေသဖက်မှာ ဇူလိုင်လ ၂၅ရက်နေ့က မုန်တိုင်းငယ်တိုက်ခတ်ခဲ့၍ လယ်ကွင်းပြင်များရေနစ်မြုပ်သွားပြီး၊ လိုင်းတိုက်စားသောကြောင့် လူနေအိမ်များပြိုကျပျက်စီးခဲ့ရပါတယ်။

သံတွဲမြို့နယ်ဖက်မှာ ရေကြီး၍ စာသင်ကျောင်းများကိုပိတ်ထားရပြီ၊ မြေနိမ့်ဒေသမှ ဒေသခံများကုန်မြင့်ပိုင်းသို့ရွှေ့ပြောင်းနေကြရပါတယ်။

သြဂုတ်လ ၂ရက်နေ့ ညနေ့ဖက် ၃နာရီကျော်အချိန်က ကျောက်တော်မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေတဲ့ ဒေသခံ ၉ဦးထဲမှ လွတ်ငြိမ်းချမ်းသာခွင့်မှာ ၂ဦးပါတယ်လို့သိရပါတယ်။

ထို ၂ဦးမှာ ဦးကျော်ဟိန်နဲ့ ဦးမောင်စောသာတို့ဖြစ်ကြပြီး သူတို့ ၂ဦးသည် AAနဲ့ဆက်စပ်မှုဖြင့် ဖမ်းဆီးခံထားရသူများကြပါတယ်။

ရခိုင်တွင် သြဂုတ်လ ၂ရက်နေ့မှ ၃ရက်နေ့အထိ AAနဲ့ဆက်စပ်၍ ဖမ်းဆီးခံထားရသူများထဲက ၆၂ဦးထိလွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။

သြဂုတ်လ ၁ရက်နေ့ သတင်းစုစည်းမှု

သြဂုတ်လ ၁ရက်နေ့က

ကျရောက်ခဲ့သော ဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဥ်းထောင် အသီးသီးရှိ အကျဥ်သူ/သား စုစုပေါင်း ၇၇၄၉ ဦးတို့ကို လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။

သြဂုတ်လ ၁ရက်နေ့က အကျဥ်ထောင်အသီးသီးက အကျဥ်သားတွေကို လွတ်ငြိမ်းခွင့်ပေးသည့်ထဲတွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို လွတ်ငြိမ်းချမ်းသာဖြင့် ပြစ်ဒဏ်လျှော့ပေးခဲ့ပါတယ်။

သြဂုတ်လ ၁ရက်နေ့က အကျဥ်သား/သူ ၇၇၄၉ဦးတို့ကိုလွတ်ငြိမ်းခွင့်ပေးသည့်ထဲတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ ၂၂ ဦး လွတ်မြောက်ခဲ့ပါတယ်။

သြဂုတ်လ ၁ရက်နေ့က စစ်တွေထောင်နဲ့ ကျောက်ဖြူထောင်များက အကျဥ်သား အနည်းစုလည်း လွတ်မြောက်ခဲ့ပါတယ်။

လွတ်မြောက်လာသည့် အကျဥ်သားစုစုပေါင်း ၈၄ဦး ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအထဲမှာ နိုင်ငံရေးအကျဥ်သား ၁ဦးသာ ပါရှိပါတယ်။

ဇူလိုင် ၃၁ရက်နေ့ သတင်း

ဇူလိုင်လ ၃၀ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့က ဒေသခံတစ်ဦးကို သတ်ဖြတ်ခံရ၍ ၎င်းတွင်ပါလာသည့် Dream -125ဆိုင်ကယ်နှင့်ဖုန်းကိုပါ လုယူသွားမှု ဖြစ်ပွားခဲ့ပါတယ်။

အသတ်ခံရသူမှာ တောင်ကုတ်မြို့၊ကိုင်းရှည်ရပ်ကွက်၊ တာဝတိံသာ လမ်းမှအသက် ၄၅နှစ် အရွယ် ဦးစံသိန်းအောင် ဖြစ်​ပြီး နေအိမ်မှ ၎င်းပိုင် ကြက်ခြံသို့သွားသည့်လမ်းတွင် အသတ်ခံရခြင်းဖြစ်သည်ဟု သိရပါတယ်။

အသတ်ခံရသူ ဦးစံသိန်းအောင်၏ လည်ပင်းတွင် ဓားဒဏ်ရာတစ်ချက်၊ လည်ပင်းရိုးတွင်ဓားဒဏ်ရာတစ်ချက်နှင့် ရင်ဘတ်တွင် ဓားဒဏ်ရာ ၂ချက် စုစုပေါင်းဓားဒဏ်ရာ ၅ချက်ရရှိ​နဲ့

သေဆုံးလျှက်တွေ့ရှိခဲ့ပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့ ည ၁၂ခန့်အချိန်တွင် စစ်တွေမြို့တွင်းရှိ ဖျော်ဖြေရေး White House (အိမ်ဖြူတော်) ဟု လူသိများကြသည့် စားသောက်ဆိုင်နှင့် ကာရာအိုကေဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများနှင့် ဧည့်သည်များကိုပါ ဖမ်းဆီးသွားခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူများမှာ KTV ဝန်ထမ်းများနှင့် ဧည့်သည် အပါဝင် စုစုပေါင်း လူ ၅၀ ဦးခန့်ကိုဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေကို နောက်တနေ့ မနက်မှာ ပြန်လည် လွှတ်ပေးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇူလိုင်လ ၃၁ရက်နေ့မှာ သက်တမ်းကုန်ဆုံးပြီး အာဏာအပ်နှံရရမှာဖြစ်ပေမယ့် နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ပေးပြီး စစ်အုပ်ချုပ်ရေးသက်တမ်း နောက်ထပ် ၆ လထပ်တိုးလိုက်ပါတယ်။

Arakan Bay News-ABN

ထင်မြင်ယူဆချက်‌‌ပေးရန်