Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ALP အဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ပေါင်းပြီး စစ်တွေမြို့ ရွာသာယာ ရပ်ကွက်တွင် စစ်ဆေးမှုလုပ်

ABN- ရှိုင်းမိုး

စစ်တွေတွင် ALP အဖွဲ့ဝင်များအပါဝင် စစ်ကောင်စီတပ်သားနှင့် ရဲ တို့ပါဝင်သည့်အဖွဲ့သည် စစ်တွေမြို့ ရွာသာယာရပ်ကွက်ထဲဝင်၍ စစ်ဆေးမှုများလုပ်ခဲ့ကြကြောင်း စုံစမ်း သိရှိရသည်။

ဇန်နဝါရီလ ၅ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်တွေမြို့၊ ရွာသာယာရပ်ကွက်မှ အုပ်ချူပ်ရေးမှူးကို ခေါ်ပြီး ရပ်ကွက်တွင်း နေအိမ်များကို စစ်ဆေးခဲ့ကြပြီး နေအိမ်ပိုင်ရှင်များ မရှိသည့်အိမ် ၁ အိမ်မှ အိမ်စီးကားအဖြူရောင် ၁ စီးကိုလည်း ယူသွားသည်ဟုသိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်း ည ၁၀ နာရီခွဲကျော်အချိန်တွင် ထပ်မံ၍ ထိုရပ်ကွက်တွင် စစ်ဆေးခဲ့ကြောင်းသိရသည်။

“ပထမ ၁ ကြိမ်စစ်ဆေးတုန်းက လူမရှိလို့ဆိုပြီး ကား ၁ စီးကို ယူသွားကြပါတယ်၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးကိုလည်း မလိုက်လို့မရဘူးလို့ပြောပါတယ်၊ အိမ်တစ်အိမ်မှမကျန်စစ်ဆေးပါတယ်၊ သူတို့စစ်ဆေးတာ အခု ၁ ကြိမ်ဆိုရင် ၂ ကြိမ်ရှိပါပြီ” ဟု ရပ်ကွက်ထဲမှ ဒေသခံတစ်ဦးမှပြောသည်။

စစ်တွေမြို့ ရွာသာယာအနီးတွင် ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန်တွင် ALP မှ ခေါင်းဆောင် ၃ ဦးလုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် ထိုသို့ ရပ်ကွက်တွင်းတွင် လိုက်လံ ရှာဖွေ စစ်ဆေးနေခြင်းဖြစ်သည်။

သို့သော်လည်း ALP သည် ယခင်ကလည်း စစ်ကောင်စီအဖွဲ့နောက်မှ လိုက်ပါပြီး စစ်တွေရှိ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးရန် စာရင်းနှင့်တကွ လမ်းပြမှုများရှိခဲ့သည်။

ဇန်နဝါရီ ၄ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ ALP အဖွဲ့ဝင် ၃ ဦး၏ အလောင်းကို မနက်ဖြန် တနင်္ဂနွေနေ့တွင် အသုဘ ချသွားမည်ဖြစ်ကြောင်း သိရသည်။

ALP အဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ပေါင်းပြီး စစ်တွေမြို့ ရွာသာယာ ရပ်ကွက်တွင် စစ်ဆေးမှုလုပ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ