Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ALP မှ ဗဟိုကော်မတီဝင်တစ်ဦးဖမ်းဆီးခံရပြီးနောက် ရခိုင်-အိန္ဒိယနယ်စပ်ရှိ ရခိုင်ရွာများနှင့် စစ်ဘေးရှောင်များ နှိပ်စက်ခံနေရ

ALP ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သည့် ခိုင်မြသာကို အမည်မသိ လူတစ်စုမှ ဖမ်းဆီးသွားပြီးနောက် ရခိုင်-အိန္ဒိယနယ်စပ်ရှိ ရခိုင်ရွာများမှ ဒေသခံများမှာ အာသံရိုင်ဖယ် အိန္ဒိယနယ်ခြားစောင့်တပ်သားများထံတွင် ဖမ်းဆီး စစ်ဆေး နှိပ်စက် ခံနေရကြောင်း ဒေသခံများက ABN သတင်းဌာနကို နိုဝင်ဘာ ၁၃ ရက်နေ့က ပြောသည်။

ALP ဗဟိုကော်မတီဝင် ခိုင်မြသာကို ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က အိန္ဒိယမြန်မာနယ်စပ် ရွာသစ်ရွာတွင် ၎င်း၏ မင်္ဂလာဆောင်ပြီးသည့်နောက်တစ်နေ့တွက် မျက်နှာဖုံးစွပ်ထားသည့် လူတစ်စုမှ လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ALPသတင်းနှင့် ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရသည်။

ခိုင်မြသာအား ဖမ်းဆီးသွားမှုနှင့် ပတ်သက်၍ ULA/AA အား ALP မှ ထုတ်ပြန်ချက် ထုတ်ကာ စွပ်စွဲ ထားသော်လည်း ထိုအမှုမှာ ULA/AAနှင့် ပတ်သက်မှု မရှိကြောင်း ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက နိုဝင်ဘာ ၁၀ ရက်နေ့က မီဒီယာများသို့ ဖြေကြားထားပြီး ဖြစ်သည်။

ယခုရက်ပိုင်းတွင် ခိုင်မြသာဖမ်းဆီးခံရမှုနှင့်ပတ်က်၍ ရခိုင်-အိန္ဒိယနယ်စပ်ဒေသ မီဇိုရန်ပြည်နယ်ရှိ ရွာသိုက်-Hmawngbuch (ရခိုင်ရွာ) နှင့် တက်ပုချေ-Zorinpui (မြုံရွာ) များမှ ရွာသားများနှင့် စစ်ဘေးရှောင် ၆၀၀ ခန့်မှာ လုံလိုင်တွင် အခြေစိုက်ထားသော အာသံရိုင်ဖယ် အိန္ဒိယနယ်ခြားစောင့် တပ် တပ်ရင်းမှူး ရာဟူး-Rahul ဦးစီးသည့် အဖွဲ့များ၏ ဖမ်းဆီးစစ်ဆေးမှု၊ ရိုက်နှက်မှုစသည့်နှိပ်စက်မှုဒဏ်ကို ခံနေရကြောင်း ရွာသိုက်ရွာ- Hmawnghuch(ရခိုင်ရွာ) မှ လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ရွာသားတစ်ဦးက ABN ကိုပြောသည်။

ခိုင်မြသာကို ဘယ်သူဖမ်းသွားတာလဲတော့ မသိဘူး။ ကျနော်တို့ ရွာသားတွေကိုပဲ လာနှိပ်စက်နေတာပဲ။ ကျနော်တို့ ဘာမှလည်း မသိဘူး။ ကျနော်တို့ရွာသားတွေကို ဖမ်းဆီးနှိပ်စက်ရုံတင်မကဘူး။ စစ်ဘေးရှောင်တွေကိုပါ ဖမ်းပြီး နှိပ်စက်နေတာပါ ဟု ရွာခံ တစ်ဦးက ရခိုင်ဘာသာစကားဖြင့် ပြောသည်။

၎င်း ရခိုင်-အိန္ဒိယနယ်စပ် ရခိုင်ရွာများတွင် လတ်တလော ဖြစ်နေသည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်နယ် ပလက်ဝဖက်မှ စစ်ဘေးရှောင် ဦးရေ ၆၀၀ ဝန်းကျင်ခန့်ရှိနေကြောင်း သိရသည်။

ALP အဖွဲ့၏ ဗဟိုကော်မတီဝင် ခိုင်မြသာ အဖမ်းခံရမှုနှင့်ပတ်သက်၍ ဒေသခံများအား ABN မှ စုံစမ်းရာ ခိုင်မြသာတွင် ငွေကြေးဆိုင်ရာအရှုပ်အထွေးများ ရှိနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ