Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ALP မှ ထိပ်ပိုင်းခေါင်းဆောင်များ လုပ်ကြံသတ်ဖြတ်ခံရသည့် AA အားစွပ်စွဲခြင်းမှာ အခြေအမြစ်မရှိဟု AA ပြော

ABN-သူရမောင်

ဇန်နဝါရီ ၅ ရက်

စစ်တွေတွင် အသတ်ခံခဲ့ရသည့် ALPမှ ထိပ်ပိုင်းခေါင်းဆောင်များ သတ်ဖြတ်ခံရသည့်အတွက် ALP၏ စွပ်စွဲချက်အပေါ် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခမှ တုန့်ပြန်ပြောကြားလိုက်သည်။

ALP မှ စစ်ဦးစီးချုပ်တစ်ဦးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များ အသတ်ခံရသည့်အတွက် ALPမှ AAက လုပ်ကြံသတ်ဖြတ်သည်ဟု စွပ်စွဲလိုက်ခြင်းကြောင့် ရက္ခိုင့်တပ်တော် AAမှ ပြောခွင့်ရ ဦးခိုင်သုခက

ဒီကိစ္စကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်၊ ဒီလိုမျိုး ကျွန်တော်တို့ ULA/AAကို နာမည်ထုတ်ပြီးတော့ အခြေအမြစ်မရှိတာ စွပ်စွဲတယ်ဆိုတာက နာမည်သေနေတဲ့ သူတို့ ALPကို နာမည်ကြီးအောင်နေပြီး လုပ်ချင်လည်း လုပ်တာဖြစ်နိုင်တာပေါ့၊ နောက်တစ်ခုကတော့ သူတို့ ALP အချင်းချင်းကြားမှာလည်းပဲ နှစ်ဖွဲ့ ကွဲပြီးတော့ တစ်ဖက်နှင့်တစ်ဖက် သူတို့စွပ်စွဲတိုက်ခိုက် အဲတာမျိုးတွေ ဖြစ်နေတာရှိတယ်၊ နောက်ပြီးတော့ နေပြည်တော်ကို အစည်းအဝေးတက်ဖို့သွားဖို့ဆိုရင်တောင်မှ ၂ ဖွဲ့လုနေကြတာတွေရှိတယ်၊ ပြီးလို့ရှိရင် သူတို့ ALP အချင်းချင်းကြားမှာလည်းပဲ အာဏာဆိုင်ရာ၊ ငွေကြေးဆိုင်ရာ အတွင်းပဋိပက္ခတွေလည်း အများကြီးရှိတယ်ဗျ၊ နောက်ဖြစ်နိုင်ခြေတစ်ခုကတော့ အခြားအင်အားစု တစ်ခုခုက ပြဿနာတွေပိုပြီးတော့ ရှုပ်ထွေးသွားအောင် ဖန်တီးလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုမျိုး လုပ်ကြံသတ်ဖြတ်တာလည်း ဖြစ်နိုင်တယ်၊ ဒီလိုမျိုး အရှုပ်အထွေးတွေကြားမှာ ဘယ်သူက ဘာလုပ်ရမှန်းမသိတဲ့အတွက်မို့လို့ ကျွန်တော်တို့ အနေနှင့်ကတော့ ဒီကိစ္စကို ဘာမှ မှတ်ချက်ပေးစရာ မရှိပါဘူး ဟု တုန့်ပြန်ပြောဆိုလိုက်သည်။

ထို့အပြင် ယခုကဲ့သို့ သေမှုသေခင်းနှင့် ပတ်သက်၍ ရက္ခိုင်ပြည်သူ့ အစိုးရထံတွင် တိုင်ကြားလာပါက ရက္ခိုင်ပြည်သူ့ အစိုးရအနေဖြင့် စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုက်သည်။

နောက်တစ်ခုကတော့ အခုဖြစ်တဲ့ ဒီသေမှု သေခင်းနှင့် ပတ်သတ်ပြီးတော့ ကျွန်တော်တို့ ရက္ခိုင်ပြည်သူ့ အစိုးရဆီမှာ တိုင်ကြားလာတာမျိုးတော့ မရှိသေးဘူးခင်ဗျ၊ အဲလိုမျိုးတိုင်ကြားလာမယ် ဆိုလိုရှိရင်တော့ ကျွန်တော်တို့ ရက္ခိုင်ပြည်သူ့ အစိုးရအနေနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်သွဦးမှာ ဖြစ်ပါတယ်

ALP စစ်ဦးစီးချုပ်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်သုံးဦးအား AAက သတ်ခဲ့သည်ဟူသည့် ALP၏ စွပ်စွဲချက်အား ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

ALP မှ ထိပ်ပိုင်းခေါင်းဆောင်များ လုပ်ကြံသတ်ဖြတ်ခံရသည့် AA အားစွပ်စွဲခြင်းမှာ အခြေအမြင်မရှိဟု AA ပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ