Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ALP မှ စစ်ဦးစီးချုပ် အပါအဝင် ခေါင်းဆောင် ၃ ဦး၏ အသုဘကို ဒေါ်စောမြရာဇာလင်း တတ်ရောက်ရန် မသေချာဟုပြော

ABN-ရှိုင်းမိုး

ALPမွ စစ်ဦးစီးချုပ်အပါဝင် ခေါင်းဆောင် ၃ ဦး၏ အသုဘကို ဒေါ်စောမြရာဇာလင်း တတ်ရောက်ရန်မသေချာကြောင်း ဒေါ်စောမြရာဇာလင်းက ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နေ့လည်က ABN ကိုပြောသည်။

“ငါရောက်မှာလားမရောက်ဘူးလားဆိုတာ ငါ့ကိုငါတောင်မသေချာသေးဘူး၊ ငါအခု ခရီးလွန်နေတုန်းပဲရှိသေးတယ်၊ ငါဘယ်လိုဆုံးဖြတ်ရမလဲ မသိသေးဘူး” ဟု ALP ပါတီ၏ ထိပ်ပိုင်းခေါင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်စောမြရာဇာလင်းက ပြောသည်။

ထိုရုပ်အလောင်များအား အသုဘချရေးနှင့်ပတ်သက်၍ ALP ပါတီ၏ တာဝန်ရှိသူများမှ စီစဥ်ဆောင်ရွက်ကြလိမ့်မည်ဟုလည်း ဒေါ်စောမြရာဇာလင်းက ပြောကြားခဲ့သည်။

ဇန်ဝါရီလ ၄ရက်နေ့ နံနက် ၈နာရီကျော်ခန့်က စစ်တွေမြို့ စက်ရုံစုရပ်ကွက်တွင် ALP မှ စစ်ဦးစီးချုပ်အပါဝင် တပ်မှူး ၂ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ထို ၃ ဦး၏ အလောင်းအား စစ်တွေမြို့ စက်ရုံစုရပ်ကွက် နာဇီရွာမှ စေတီပြင်ဘုန်းကြီးကျောင်းနောက် ALP ရုံးတွင်ထားရှိထားကြောင်းသိရှိရသည်။

၎င်းရုပ်အလောင်များကို ဇန်ဝါရီလ ၈ရက် တနင်္ဂနွေနေ့တွင် အသုဘချသွားမည်ဟုသိရသည်။

ထိုလုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ဇန်နဝါရီလ ၅ရက်နေ့က ALP အဖွဲ့မှ ULA/AA ၏ လုပ်ကြံသတ်ဖြတ်မှုဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သော်လည်း ထိုသို့ စွပ်စွဲ ပြောဆိုခြင်းမှာ အခြေအမြစ်မရှိဘဲ ပြောခြင်းသာဖြစ်ကြောင်း ULA/AA ၏ ပြောခွင့်ရ ဦးခိုင်သုခက တုန့်ပြန်ပြောဆိုထားသည်။

ထို့အပြင် အမှုနှင့်ပတ်သက်၍ ရက္ခိုင့်အာဏာပိုင်အဖွဲ့ထံတွင် အမှုလာရောက် အပ်နှံလာပါက အရေးယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဦးခိုင်သုခက ပြောထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ