Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ALP ကဖမ်းဆီးထားသည့် သုံးဘီးမောင်းသူ တစ်ဦးကို ပြန်လွှတ်ပေး

စစ်တွေတွင် ALP က ဖမ်းဆီးထားသည့် သုံးဘီးဆိုင်ကယ်မောင်းသူ တစ်ဦးကို ယနေ့ ညနေ ၄ နာရီခန့်ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

သုံးဘီမောင်းသူ ဦးမောင်လှဝင်း အသက် ၄၄ နှစ်သည် အငှားစီးသူအား လိုက်ပို့ရာလမ်းတွင် ALP မှ တားဆီးစစ်ဆေးရာ အငှားစီးလာသူ၌ WY ဆေးပြားများတွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎၌ အျပစ္မရွိ၍ ပြန်လည် လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု သားဖြစ်သူ ဦးမိုးဝင်းကပြောသည်။

“မနေ့က ညေနက အိမ်အပြန်လမ်းမှာ သုံးဘီငှားစီးတဲ့ သူတစ်ယောက်ကို တင်လာ။ အဲဒါ ALP အဖွဲ့က စစ်ဆေးတော့ ခရီးသည်မှာ WY ပါလာတယ်ဆိုပြီး အဖေ့ကိုရော့ ခရီးသည်ကို ဖမ်းတာပါ။ အဖေ့မှာ အပြစ်မရှိလို့ ပြန်လွှတ်ပေးလိုက်ပါပြီ” ဟုသားဖြစ်သူကပြောသည်။

WY ပါသည့်သူကိုမူ ဆက်လက် ဖမ်းဆီးလျက် ထားရှိကြောင်း သိရပြီး ထိုသူ၏ အသေးစိတ် အချက်အလက်များကို ABN စုံစမ်းလျက်ရှိသည်။

ALP သည် စစ်တွေ နာဇီရွာတွင် ရုံးစိုက်ထားပြီး ညအချိန်တွင် ဆိုင်ကယ်စီးပြီး သွားလာနေကြသည့် ပြည်သူများကို တားဆီးစစ်ဆေးခြင်းများကို အမြဲတမ်းလိုလို ပြုလုပ်လျက်ရှိသည်။

ALP ကဖမ်းဆီးထားသည့် သုံးဘီးမောင်းသူ တစ်ဦးကို ပြန်လွှတ်ပေး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ