Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ALPနှင့်စစ်ကောင်စီတပ်တို့ပူးပေါင်းပြီး စစ်တွေတွင် အရပ်သား၂ ဦးကိုဖမ်းဆီးထား၊ စက်ရုံစုရပ်ကွက်မှ အရပ်သား ၃ ဦးကိုလည်း မလွှတ်ပေးသေး

ရခိုင်ပြည် စစ်တွေမြို့တွင် နိုဝင်ဘာလ ၇ ရက်နေ့က ALPနှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းပြီး အရပ်သား၂ဦးကို ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ ဦးမောင်ကျော်စိန် အသက်၆၀နှစ်နှင့် ဦးသန်းရွှေထွန်း အသက်၃၉ နှစ်တို့ဖြစ်ကြပြီး သူတို့ကို ၎င်းတို့နေထိုင်ရာ နေအိမ်များသို့ ALPနှင့် စစ်ကောင်စီတပ်တို့ ပူပေါင်းကာ လာရောက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ဦးမောင်ကျော်စိန်ကို စစ်တွေမြို့နယ် သုံးဆောင်ရွာရှိ နေအိမ်တွင် နိုဝင်ဘာ ၇ရကျနေ့ည ၆ နာရီ ၂၂ မိနစ်အချိန်တွင် လာရာက်ဖမ်းဆီးသွားခြင်းဖြစ် မျက်မြင်ရွာသားတစ်ဦး ပြောကြားချက်အရ သိရသည်။

ဦးသန်းရွှေထွန်းကိုလည်း သူနေထိုင်ရာ စစ်တွေမြို့ ဇော်မဒက်ရွာရှိ နေအိမ်တွင် နိုဝင်ဘာလ ၇ ရက်နေ့ည ၈နာရီအချိန်တွင် ALPနှင့်စကစ ပူးပေါင်းအဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း ဆွေမျိုးနီးစပ်တစ်ဦးက ABNကို ပြောသည်။

၇ ရက်နေ့က ၈ နာရီလောက်မှာ ရွာကိုလာပြီး ဖမ်းသွားကြတယ် ဘယ်ကို ယူသွားမှန်းလည်းမသိဘူး။ ALP အဖွဲ့ကို သိတဲ့ သူတွေကတော့ ALP အဖွဲ့ တွေလည်း ပါတယ်လို့ ပြောကြပါတယ် ဟု ဆိုသည်။

ထို့အပြင် ငါးလုပ်ငန်းဦးစီးမှူး ပစ်ခတ်ခံရပြီးနောက် နိုဝင်ဘာလ ၆ ရက်နေ့ည ၈ နာရီ ၁၆မိနစ်ခန့် ကလည်း ABD သွေးအလှူရှင်များအသင်း သွေးတာဝန်ခံ ကိုသန်းထွန်း အသက်၃၅နှစ်သည် စစ်တွေဆေးရုံကြီးတွင် ရှိနေစဉ် ရဲနှင့်စစ်တပ်ကဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ အရပ်သား ၃ ဦးဖြစ်သော ကိုတီးထွန်း အသက် ၄၂ နှစ်၊ ကိုစောသိန်းမောင် အသက်၄၃နှစ်၊ မှိုဆရာ (ခ) ကိုသန်းထွန်းစံ အသက်၄၆ နှစ် တို့ကို နိုဝင်ဘာ ၆ ရက်နေ့ ညက တံတားတွင်အရက်သောက်နေကြစဉ် လိုက်လံဖမ်းဆီးသောကြောင့် သုခကာရီကျောင်းတိုက်ထဲသို့ ဝင်ပြေးခဲ့ကြရာ ထိုကျာင်းမှ ကျောင်းထိုင်ဆရာတော်အပါအဝင် ရဟန်း ၃ ပါးအရပ်သား ၃ ဦး စုစုပေါင်း ၆ ဦး တို့ကို စစ်ကာင်စီတပ်က ဖမ်းဆီးခဲ့သည်။

ယနေ့ နိုဝင်ဘာလ ၈ရက်နေ့ ယနေ့နံနက်က ဆရာတော်အပါအဝင် ရဟန်း ၃ ဦးအား ပြန်လည်လွှတ်ပေးလိုက် သော်လည်း စက်ရုံစုရပ်ကွက်မှ အရပ်သား ၃ ဦးကိုမူ မလွှတ်ပေးသေးကြောင်း သိရသည်။

ALPနှင့်စစ်ကောင်စီတပ်တို့ပူးပေါင်းပြီး စစ်တွေတွင် အရပ်သား၂ ဦးကိုဖမ်းဆီးထား၊ စက်ရုံစုရပ်ကွက်မှ အရပ်သား ၃ ဦးကိုလည်း မလွှတ်ပေးသေး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ