Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ALPက ဖမ်းဆီးထားသည့် ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦးအား ၁လကျော်ကြာမြင့်သည်အထိမိသားစုနှင့် တွေ့ခွင့်မရ

ALPက ဖမ်းဆီးထားသည့် ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦးအား ၁လကျော်ကြာမြင့်သည်အထိမိသားစုနှင့် တွေ့ခွင့်မရ

ABN-ထက်မြတ်ခင်

ဇွန် ၁၄ရက်

ALPက ဖမ်းဆီးထားသည့် ရခိုင်ပြည် ပေါက်တောမြို့နယ် ငွေတွင်းတည်ကျေးရွာမှ ကလေး၂ဦး၏ မိခင် မသန်းသန်းဌေးအား ၁လကျော်ကြာမြင့်လာသည်အထိ မိသားစုများနှင့် တွေခွင့်မရသေးကြောင်းသိရသည်။

မသန်းသန်းဌေးမှာ ပြီးခဲ့သည့် မေလ ၃ရက်နေ့ နေ့လည် အချိန်တွင် ဖမ်းဆီးခံခဲ့ရပြီး ၁ လကျော်ကြာသည် အထိ မိသားစုနှင့် တွေ့ခွင့်မရဘဲ မိခင်ဖြစ်သူမှာလည်း ကလေး ၂ ယောက်နဲ့ အခက်ခဲများကြုံနေရသည်ဟု မသန်းသန်းဌေး၏ မိခင်ကပြောသည်။

“ကျမဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေပါတယ်၊ ကျမသမီးက ကျမတို့ကို လုပ်ကိုင်ကျွေးမွေးနေတာဆိုတော့ အခုကကျမတို့ စားဝတ်နေရေးအတွက် ဒုက္ခရောက်နေပါတယ် ၊ ကျမတို့တွေကိုလည်းတွေ့ခွင့်မပေးဘူး” ဟုပြောသည်။

မသန်းသန်းဌေးမိခင်မှာ ကလေး၂ဦးနှင့်အတူ စားဝတ်နေရေးနှင့် ကလေးငယ်များကျောင်းတက်နိုင်ရေးတို့အတွက် မှိုဟင်းခူး၍ ရောင်းစားနေရသည်ဟု ၎င်းကဆက်ပြောသည်။

“ကျမအခု ကလေး၂ယောက်နဲ့အတော်လေး ဒုက္ခရောက်နေပါတယ်။ ကလေးတွေကို ကျမ ကျူရှင်လည်း မထားပေးနိုင်ဘူး။ စားဝတ်နေရေးအတွက်ကျတော့ ကျမ မှိုဟင်းရောင်းပြီးစားနေရပါတယ်” ဟုပြောသည်။

မသန်းသန်းဌေးမိခင်မှာ မသန်းသန်းအားသွားရောက်ပြီး တွေ့ချင်သော်လည်း အခုအခါ ငွေကြေးမတတ်နိုင်သောကြောင့် ဇွန်လအကုန်တွင် လမ်းစရိတ်ငွေစုပြီး သွားမည်ဟု ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ