Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA အဖွဲ့သို့ ပို့မည့်မူးယစ်ဆေးဝါးများ ရန်ကုန်တွင် ဖမ်းမိဟု စစ်ကောင်စီ၏ စွပ်စွဲချက်မှာ နိုင်ငံရေးအောက်လမ်းနည်းနှင့် လုပ်ကြံတိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း AA တုန့်ပြန်

AA အဖွဲ့သို့ ပို့မည့်မူးယစ်ဆေးဝါးများ ရန်ကုန်တွင် ဖမ်းမိဟု စစ်ကောင်စီ၏ စွပ်စွဲချက်မှာ နိုင်ငံရေးအောက်လမ်းနည်းနှင့် လုပ်ကြံတိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း AA တုန့်ပြန်

AB News – မတ်လ ၂၇၊ ၂၀၂၄

ရန်ကုန်မှ စစ်တွေမြို့သို့ ထွက်ခွာမည့် အမ်ဗွီ-စိန်ပြည့်မင်း ကုန်သင်္ဘောပေါ်တွင် မတ်လ ၂၁ရက်နေ့က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ AA အဖွဲ့သို့ ပို့မည့် မူးယစ်ဆေးဝါးများဟု စွပ်စွဲချက်မှာ စစ်ကောင်စီ၏ နိုင်ငံရေးအောက်လမ်းနည်းဖြင့် လုပ်ကြံတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က တုန့်ပြန်ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂)တံတားတွင် ဆိုက်ကပ်ထားသည့် ရန်ကုန်-စစ်တွေပြေးဆွဲ‌နေသော “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင်သင်္ဘောအား ဝင်‌ရောက်ရှာဖွေစစ်ဆေးခဲ့ရာတွင် ကတ္ထူဖာဖာများအတွင်း WY စာတန်းပါ(ပန်းရောင်) စိတ်ကြွရူးသွပ်ဆေးပြား ၁ သန်းပြား၊ ကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့ ကြောင်း စစ်ကောင်စီအဖွဲ့၏ ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ယခုကဲ့သို့ လုပ်ရပ်များသည် စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီ၏ လုပ်နေကျအတိုင်း နိုင်ငံရေးအောက်လမ်းနည်းများဖြင့် လုပ်ကြံတိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

“ရက္ခိုင်ပြည်ကို ဆန်တစ်စေ့ ၊ ဆေးတစ်လုံးတောင် မရောက်ရအောင် သူတို့အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းပါ ပိတ်ဆို့ထားတဲ့အချိန်မှာ သူတို့နယ်လုံကခွင့်ပြုချက်မရဘဲ ဘယ်သင်္ဘောမှထွက်ခွာခွင့်၊ ပြေးဆွဲခွင့်မရဘူး။ ပြေးဆွဲခွင့်ရတဲ့သင်္ဘောတွေအားလုံးဟာ သူတို့စစ်ကောင်စီကထိန်းချုပ်ထားတဲ့ သင်္ဘောတွေဖြစ်တယ်။ ဒီလိုအချိန်မှာ စစ်တွေသွားမယ့်သင်္ဘောမှာ မူးယစ်ဆေးဝါးတွေ့တယ်ဆိုတဲ့ ပြောဆိုချက်က ယုတ္တိမတန်သလို မြေပြင်ပကတိအခြေအနေနှင့် လုံးဝကင်းကွာနေတာတွေ့ရတယ်။ ဒါဟာ စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီက လုပ်နေကျ အတိုင်း နိုင်ငံရေးအောက်လမ်းနည်းတွေနှင့် လုပ်ကြံတိုက်ခိုက်တာသာဖြစ်တယ်။” ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ၎င်း၏ Telegram Channel မှထုတ်ပြန်ပြီး ယနေ့ မနက်က ပြောဆိုတုန့်ပြန်လိုက်သည်ကို တွေ့ရသည်။

စစ်ကောင်စီအဖွဲ့သည် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စစ်မှု ၅လမ်း၊ အိမ်အမှတ် ၃၀၁ သို့ ဝင်ရောက်ပြီး မူးယစ်ဆေးဝါးများ ပို့ဆောင်ရာ၌ ပတ်သက်သည်ဟုဆိုကာ ဦးထွန်းသိန်းအောင်နှင့် ဇနီးဖြစ်သူ စုမြတ်ဝေတို့ကို မတ်လ ၂၁ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများတွင် ဖြန့်ချီခဲ့သည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ စ၍ ရက္ခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲ စတင်ခဲ့သည့် နေ့မှစ၍ စစ်ကောင်စီအဖွဲ့က  ကုန်းကြောင်း၊ ရေကြောင်းလမ်းများကို ပိတ်ဆို့ထားသည်မှာ ၅ လခန့် ရှိလာပြီး ဖြစ်သည်။

ယခုလက်ရှိတွင်လည်း စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်ပြည်ရှိ ရေကြောင်းလမ်းများတွင် ရေတပ်နေဗီများဖြင့် ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီ၏ ခွင့်ပြုချက်ရ ရေယာဉ်များမှ အပ မည်သည့် ရေယာဥ်မှ ဖြတ်သန်းသွားလာခွင့်မရှိပေ။

ထိုသို့ စစ်ကောင်စီ၏ ရက္ခိုင်ပြည်သို့ ကြည်း၊ ရေ လမ်းကြောင်းများ ​ပိတ်ထားသည့်အတွက် ရက္ခိုင်ပြည်တွင် ကုန်စည် ပြတ်လပ်မှုများကြောင့် ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိသည့်အပြင် ကျန်းမာရေးဆိုင်ရာ ဆေးဝါများမှာလည်း ပြတ်တောက်လျက်ရှိသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ