Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA ဟုစွပ်စွဲခံရပြီး ဖမ်းဆီးထောင်ချခံခဲ့ရသည့် အပြစ်မဲ့အရပ်သား ၂ ဦး လွတ်ငြိမ်းချမ်းသာနဲ့လွှတ်သည့်အထဲပါလာ

နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီမှ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အမည်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ရက္ခိုင့်တပ်တော်နာမည်ဖြင့် အကျဥ်းချခံထားရသူ ၁၇ ဦး လွတ်မြောက်လာခဲ့ရာ ထိုအထဲမှ AA ဟုမတရား စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရပြီး အကျဥ်းကျခံနေရသည့် အရပ်သား ၂ ဦးလည်း ပါလာခဲ့သည်ကိုတွေ့ရသည်။

သူတို့ ၂ ဦးမှာ ဦးခင်မောင်လှ နှင့် ဦးကျော်နိုင်တို့ ဖြစ်ကြပြီး ၎င်းတို့မှာ မောင်တောမြို့နယ် ဖားဝပ်ချောင်းရွာမှ ဖြစ်သည်။

သူတို့နှစ်ဦးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ စံဂိုးထောင်ရွာရှိ ၃၁ ဘုံ စေတီအနီးတွင် မြန်မာတပ်မတော် စစ်ကြောင်းတစ်ခုက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သူတို့ ၂ ဦးအား စစ်ကောင်စီမှ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၁ ( က)၊ ၅၂ (က) ဖြင့် အမှုဖွင့်ထားခံခဲ့ရ ပြီး အကျဉ်းချခံခဲ့ခြင်းဖြစ်သည်။

၎င်းတို့မှာ ရသေ့တောင်မြို့တွင် ကျောင်းတက်နေသည့် ဦးခင်မောင်လှ၏သမီးဖြစ်သူအား ငွေပေးရန်သွားရောက်စဥ် စံဂိုးထောင်ရွာရှိ ၃၁ ဘုံစေတီအနီးတွင် မြန်မာစစ်ကြောင်းတစ်ခုက ထိုသူ ၂ ဦးအား AA ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံနေရချိန်၌ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ၎င်းတို့ ၂ ဦးမှာ ဖားဝပ်ချောင်းမှ အရပ်သားများဖြစ်ကြောင်း မီဒီယာများသို့ ပြောဆိုခဲ့ပြီး အရပ်သားမှန်ကန်ကြောင်း သက်ဆိုင်ရာသို့ စာတင် အကြောင်းကြားမည်ဖြစ်ကြောင်းဖြေခဲ့ဖူးသည်။

ထို့အပြင် ခင်မောင်လှ၏ ဇနီးဖြစ်သူ ဒေါ်သန္တာလှိုင်ကလည်း သူမ၏ အမျိုးသားဖြစ်သူမှာ ရသေ့တောင်တွင် ကျောင်းတက်နေသည့် သူ့သမီးထံ ငွေပေးရန် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော် AA နှင့်မည်သို့မျှ ပတ်သက်မှုမရှိကြောင်း မီဒီယာများသို့ ဖြေကြားခဲ့သည်။

ဓာတ်ပုံ-ဖမ်းဆီးခံရစဥ် အစိုးရသတင်းစာပါပုံ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ