Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA မှ ပလက်ဝဒေသ, ရခိုင်တွင် ဖြစ်ပေါ်နေသော် တိုက်ပွဲများနှင့် ပတ်သက်၍ အောက်တိုဘာ ၇ရက်နေ့၌ သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ပထမ အပတ်အတွင်း ရက္ခိုင်၊ ပလက်ဝဒေသ တိုက်ပွဲများနှင့် မြေပြင်အခြေအနေများ

( ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၇) ရက်၊ သောကြာနေ့ထုတ်ပြန်သည်)

ရက္ခိုင်၊ ပလက်ဝစစ်မျက်နှာ၌ အထိနာနေသော စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော်တိုသည် အဆိုပါဒေသများ၌ တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက် ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ပထမအပတ်အတွင်း အောက်ပါနေ့ရက်များနှင့်နေရာများ၌ ဖြစ်ပွားခဲ့သည်။

(၁) အောက်တိုဘာလ (၁) ရက်၊ နံနက် (၉) နာရီခန့်အချိန်တွင် ဖရုံချောင်းရွာအနောက်ဖက်၌ မိနစ် (၂၀) ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

(၂) အောက်တိုဘာလ (၂) ရက်၊ ညနေ (၅) နာရီ (၀၇) မိနစ်တွင် ပလက်ဝမြိုနယ်၊ မြိတ်ဝကျေးရွာ၏ အရှေ့တောင်ဖက် (၃.၈) ကီလိုမီတာအကွာအဝေး၌ မိနစ် (၂၀) ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

(၃) အောက်တိုဘာလ (၃) ရက်၊ နေ့လယ် (၁) နာရီ (၃၀) မိနစ်တွင် ဘူးသီးတောင်မြိုနယ်၊ ကျောက်စာတိုင် (မြိုခမီ) ရွာ၏ တောင်ဖက် (၁.၃) ကီလိုမီတာအကွာအဝေး၌ ဖြစ်ပွားခဲ့သော (၅) နာရီခန့်ကြာ တိုက်ပွဲ (ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ရန်သူ့ဖက်မှ (၁၇) ဦး သေ ဆုံးကာ (၁၅) ဦးဒဏ်ရာရရှိခဲ့ပြီး မိမိတိုဖက်မှ ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်း ရမိခဲ့သော တိုက်ပွဲတစ်ပွဲလည်းဖြစ်သည်။

(၄) အောက်တိုဘာလ (၄) ရက်နေ့တွင် မိမိတိုအနေဖြင့် တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီဖက်မှ ရမ်းသန်း ပစ်ခတ် တိုက်ခိုက်မှုများရှိခဲ့သည်။

(၅) အောက်တိုဘာလ (၅) ရက်၊ နံနက် (၉) နာရီ (၅၂) မိနစ်တွင် ဘူးသီးတောင်မြိုနယ်၊ ဂူဒါပြင်(မူဆလင်) ရွာ နှင့် တောင်ရွာ (မူဆလင်) အကြားတွင် မိနစ် (၃၀) ကြာတိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုအတူ အောက်တိုဘာ (၆) ရက်နေ့၌လည်း ဤပတ်ဝန်းကျင်၌ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ရှိခဲ့သည်။ နှစ်ရက်တာတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ မျက်မြင် (၁၀) ဦး သေဆုံးပြီး နောက်ထပ် (၁၀) ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

(၆) အောက်တိုဘာ (၇) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၂၂) မိနစ်တွင် မင်းပြားမြို၊ ကြပ်စင်တံတား၌ စခန်းချပြီး ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်ကောင်စီတပ်ဖွဲအား မိမိတိုမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဤတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ မျက်မြင် (၈)ဦး သေဆုံးပြီး၊ နောက်ထပ် ဒဏ်ရာရသူတချိုလည်း ရှိခဲ့သည်။ ရန်သူသည် တောင်မော်ဦး (မယ်တော်တောင်)နှင့် ကြပ်စင်တံတားအနီး ယာယီတပ်စွဲထားသည့် နေရာမှ အနီးအနားရှိ ရပ်ရွာများသို လက်နက်ကြီးများဖြင့် (၂၅) ကြိမ်ခန့် ရမ်းသန်းလှမ်းပစ်နေခဲ့ရာ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ (၆) ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ယင်းအပြင် ရန်သူသည် အောက်တိုဘာလ (၇) ရက်နေ့ နံနက် (၁) နာရီ အချိန်ကလည်း မောင်တောမြိုနယ် မြောက်ပိုင်း ဝေလာတောင်တန်းတဝိုက်နေရာများ၌ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သေးသည်။

ထိုအတူ အထက်ဖော်ပြပါတိုက်ပွဲဖြစ်ပွားခဲ့သောနေရာများ၌ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ နှင့်အတူ တိုက်ပွဲငယ်များမှာ ရံဖန်ရံခါရှိခဲ့သောကြောင့် အောက်တိုဘာလ၊ ပထမပတ်အတွင်း တိုက်ပွဲကြီး (၁၀) ကျော် နှင့် တိုက်ပွဲငယ် (၁၀) ကျော်ရှိခဲ့သည်။ ၎င်းတိုက်ပွဲများအတွင်း ရန်သူဖက်မှ (၄၀) ဦး သေဆုံးခဲ့ပြီး၊ နောက်ထပ် (၂၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ မိမိတိုဖက်မှလည်း ထိခိုက်ဒဏ်ရာရသူ အချိုနှင့် ကျဆုံးသူအချိုရှိခဲ့သည်။ တိုက်ပွဲများအတွင်း ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသည့် အာရက္ခစစ်သည်တော်များအား လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ရန်သူသည် လက်နက်ကြီးများကို –

(က) ဘူးသီးတောင်မြိုနယ်၊ လက်ဝဲဒက်ကျေးရွာ၏အနောက်တောင်ဖက် (၁.၂) ကီလိုမီတာခန့် အကွာအဝေး၌ရှိသော (၃၇၈) အမြောက် တပ်ရင်း၊

(ခ) ဘူးသီးတောင်မြိုနယ်၊ တင်ဆက်ရွာအနီးရှိ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၁၀) တပ်ရင်း နှင့် ကြာညိုပြင်တံတားအနီးရှိ၊ တပ်မ (၂၂) လက်အောက်ခံ (၂၀၉) တပ်ရင်း၊

(ဂ) ဘူးသီးတောင်မြိုနယ်၊ လသာ (မူဆလင်) ကျေးရွာ၏ အနောက်ဖက်၊ မီတာ (၅၀၀) ခန့် အကွာအဝေး၌ရှိသော နခခ (၈) နှင့် နခခ (၆) အင်းဒင် နယ်ခြားစောင့်တပ်စခန်းများ၊

(ဃ) မောင်တောမြိုနယ်၊ ကြိမ်ချောင်း (၂၄) ဂိတ်၊

(င) ရသေ့တောင်မြိုနယ်၊ ရေစိုးချောင်းဗျူဟာကုန်း၊

(စ) ရသေ့တောင်မြိုနယ်၊ ချိန်ခါလိန်ကျေးရွာအတွင်းရှိ၊ နခခ (၄) လက်အောက်ခံ၊ ချိန်ခါလိန်ရဲစခန်း၊

(ဆ) ကျောက်တော်အခြေစိုက် ခမရ (၅၃၉) တပ်ရင်းနှင့် ဆနွင်းတောင်ကုန်း၊ စကခ (၉) ကျောက်တော်၊

(ဇ) မြောက်ဦးမြိုနယ်၊ သင်းကျစ်တောင်ဗျူဟာကုန်း၊

(စျ) မင်းပြားမြိုနယ်၊ ကျိန်းတောင်ဘုရားကုန်း၊ တောင်ဦးစခန်းကုန်း၊ ကျီးကန်းတောင် ( ပွိင့် ၇၁၉ ဗျူဟာကုန်း) နှင့် မင်းပြားမြို အခြေစိုက် ခမရ (၃၇၉) ၊ ခမရ (၃၈၀)၊ ခမရ (၅၄၁) တပ်ရင်းများ၊

(ည) ပလက်ဝမြိုနယ်၊ မီးချောင်းဗျူဟာကုန်း၊

(ဋ) စကခ (၉) ၊ (၁၅) လက်အောက်ခံ တပ်ရင်းဌာနချုပ်များရှိသည့်နေရာများ မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စိတ်ဓာတ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးပြီး အနိမ့်ဆုံးအဆင့်သို ရောက်ရှိနေသော စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများရှိ ၎င်းတို၏ လှုပ်ရှားတပ်ရင်းများမှနေ၍ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်သည့်နေရာများသိုသာမက မည်သည့်တိုက်ပွဲ ဖြစ်ပွားခြင်းမျှ မရှိသည့်နေရာများသိုပါ ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။

အောက်တိုဘာလ၊ ပထမပတ်အတွင်း ရန်သူ့ဖက်မှ မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် အချိန်မတော် နေ့၊ ညမရွေး ရပ်ရွာများကိုပစ်မှတ်ထား ဦးတည်တိုက်ခိုက်မှုကြောင့် ရွာ (၁၃) ရွာထိခိုက်ခဲ့ကာ၊ အိမ် (၁၄) လုံးပျက်စီး၍ လူ (၁) ယောက် သေဆုံး၊ (၉)ယောက် ထိခိုက်ဒဏ်ရာရပြီး၊ နွား (၃) ကောင် သေဆုံးခဲ့ရသည်။

ယင်းအပြင် စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်၌ ချွတ်ခြုံကျလျက်ရှိသော စစ်ကောင်စီတပ်သည် သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း စသည့်မြိုနယ်များမှ အပြစ်မဲ့အရပ်သား ပြည်သူများအား အပြစ်မရှိအပြစ်ရှာကာ အရှိန်အဟုန်မြှင့် ဖမ်းဆီးလျက် ရှိနေသည်။

စစ်ကောင်စီတပ်သည် ၎င်းတိုအထိနာတိုင်း လုပ်လေ့လုပ်ထရှိသော လုပ်ရပ်များကို ပြုလုပ်ရင်း စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ဖြတ်လေးဖြတ်ဟူသော ခေါင်းစဉ်အောက်တွင် ပြည်သူလူထုများ၏ စားဝတ်နေရေး၊ အခြေခံစားသုံးကုန်များ၊ ဆေးဝါးများအပါအဝင် မရှိမဖြစ်သော အခြေခံလူသုံးကုန် ပစ္စည်းများသယ်ယူခွင့်မရအောင် ကုန်းလမ်း၊ ရေလမ်းများအား တင်းကျပ်စွာပိတ်ဆိုလျက် ပြည်သူများ အငတ်ဘေး မဆိုက်ဆိုက်အောင် လုပ်ဆောင်လျက်ရှိသည်။

စစ်ကောင်စီတပ်၏ ယခုကဲ့သို ပြည်သူများအပေါ် လူမဆန်စွာ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ကျူးလွန်နေခြင်း၊ ပြည်သူလူထုများကို အဓိကပစ်မှတ်ထား၍ ဦးတည်တိုက်ခိုက်နေခြင်း၊ ရက္ခိုင်နှင့်ပလက်ဝရှိ ၎င်းတို၏တပ်စခန်းများသို စစ်အင်အား၊ လက်နက်ခဲယမ်းများကို အဆမတန်ဖြည့်တင်းနေခြင်းတိုကြောင့် ရှေ့ရက်များတွင်လည်း ရက္ခိုင်နှင့်ပလက်ဝဒေသများ၌ တိုက်ပွဲများမှာ နေရာအနှံ ဆက်လက် ဖြစ်ပွားလာနိုင်ပါသည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ