Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA နှင့် ဆက်စပ်သည်ဟုစွပ်စွဲကာ တရားစွဲခံထားရသည့် ကျောက်တော်မှ စစ်ဘေးရှောင်အမှု ၈ ကြိမ်မြောက်ရုံးထုတ်သော်လည်း တရားလို ထပ်မံပျက်ကွက်

ABN-ရှိုင်းမိုး

ကျောက်တော်မြို့တွင် AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ပုဒ်မ ၁၇ ( ၁ )ဖြင့် တရားစွဲဆိုခံထားရသည့် စစ်ဘေးရှောင် ဦးကျာ်ဟိန်းကို ယနေ့ ၈ ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း တရားလို ရောက်လာခြင်းမရှိခဲ့သည့်အတွက် စစ်ဆေးခြင်း မပြုလုပ်ရဘဲ ရုံးချိန်းထပ်မံ ရွှေ့လိုက်ကြောင်း သိရသည်။

ဦးကျော်ဟိန်းကို ယနေ့ နံနက် ၁၁ နာရီကျော်တွင် ကျောက်တော်မြို့နယ် တရားရုံးတွင် ၈ ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလိုရောက်မလာခဲ့သောကြောင့် စစ်ဆေးမှုမပြုရဘဲ အမှုကြန့်ကြာနေသည့်အတွက် စိတ်အနှောက်အယှက်ဖြစ်ရကြောင်း ဦးကျော်ဟိန်း၏ ဇနီးကပြောသည်။

“ရုံးထုတ်တာ ၈ ကြိမ်ရှိပါပြီ၊ ဒါပေမယ့် သူတို့ဖက်က တရားလိုက ပထမ ၁ ကြိမ်တုန်းက ရောက်လာပါတယ်၊ နောက် ၇ ကြိမ်က ၁ ကြိမ်မှ ရောက်မလာပါဘူး၊ သူ့ကိုရုံးထုတ်တဲ့ နေ့ဆိုရင် တရားလိုရောက်မလာလို့ အမှုကကြန့်ကြာနေလို့ စိတ်ညစ်ရပါတယ်” ဟုပြောသည်။

ဦးကျော်ဟိန်း၏အမှုကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်သည်ဟု သိရသည်။

ဦးကျော်ဟိန်းသည် ၂၀၂၂ခုနှစ် ဇူလှိင်လ ၁၉ ရက်နေ့ ည ၈ နာရီကျော်အချိန်တွင် ဆေးကုသရာမှ မိသားစုရှိရာ စစ်ဘေးရှောင်စခန်းသို့ အပြန်လမ်းတွင် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ကျောက်တော်၊ မြောက်ဦး၊ တောင်ကုတ်နှင့် ကျောက်ဖြူ စသည့်မြို့နယ်တို့တွင် AAနှင့် ဆက်စပ်သည်ဟုစွပ်စွဲကာ စစ်ကောင်စီဖက်မှ တရားလိုလုပ်၍ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

AA နှင့် ဆက်စပ်သည်ဟုစွပ်စွဲကာ တရားစွဲခံထားရသည့် ကျောက်တော်မှ စစ်ဘေးရှောင်အမှု ၈ ကြိမ်မြောက်ရုံးထုတ်သော်လည်း တရားလို ထပ်မံပျက်ကွက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ