Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA နှင့် ဆက်စပ်ပြီးဖမ်းဆီးခံထားရသူ လက်ရှိအချိန်ထိ စစ်ကောင်စီထောင် နှင့်အချုပ်ခန်းထဲတွင် ၂၀၃ယောက်ထိရှိနေဆဲ

AA နှင့် ဆက်စပ်ပြီးဖမ်းဆီးခံထားရသူ လက်ရှိအချိန်ထိ စစ်ကောင်စီထောင် နှင့်အချုပ်ခန်းထဲတွင် ၂၀၃ယောက်ထိရှိနေဆဲ

ABN-ရှိုင်းမိုး

AAနှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူများ လက်ရှိအချိန်ထိ စစ်ကောင်စီထောင်ထဲတွင် ၂၀၃ယောက်ထိ ကျန်ရှိနေသည်ဟု ယနေ့ပြုလုပ်သည့် ULA သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲစဖြစ်ချိန်ကတည်းက ဖမ်းဆီးခံရသည့် အရပ်သား ဦးရေ ၅၉၄ယောက်ရှိခဲ့ပြီး ထိုအထဲမှ ၃၉၁ ဦးပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း ULA ဦးခိုင်သုခက ပြောကြားထားသည်။

“ စစ်ပွဲဦးကာလ ကတည်းက ဒီနေ့အထိ အပြစ်မဲ့ပြည်သူပေါင်း ၅၉၄ယောက်ရှိပါတယ်၊ အဲဒီအထဲက ၃၉၁ ယောက်ပြန်လွတ်လာပါတယ်၊ ယနေ့အချိန်ထိ သူတို့( စစ်ကောင်စီ ) အချုပ်ခန်းနှင့် သူတို့ထောင်ထဲမှာ ၂၀၃ ‌ယောက်ရှိပါသေးတယ်၊ သူတို့တွေ လွတ်မြောက်လာဖို့ ကျွန်တော်တို့ ဆောင်ရွက်ပေးနေပါတယ်၊ ဒါပေမယ့် သူတို့က အခုထိပြန်မလွတ်သေးပါဘူး” ဟု ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ