Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA နှင့်ဆက်စပ်ဟု စစ်ကောင်စီက တရားစွဲဆိုထားသည့် ကျောက်တော်မြို့နယ် ၊ကာဒီ (သဇင်) ရွာမှ ဆန်စက်ပိုင်ရှင်အမှု တရားလိုနှင့်တရားသူကြီးပျက်ကွက်

AA နှင့်ဆက်စပ်ဟု စစ်ကောင်စီက တရားစွဲဆိုထားသည့် ကျောက်တော်မြို့နယ် ၊ကာဒီ (သဇင်) ရွာမှ ဆန်စက်ပိုင်ရှင်အမှု တရားလိုနှင့်တရားသူကြီးပျက်ကွက်

ABN-မေအိအိအောင်

စစ်ကောင်စီက ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားသည့် ကျော်တော်မြို့နယ်မှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းအမှုကို တရားလိုနှင့် တရားသူကြီးမရောက်၍ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ဇနီးသည် ပြောကြားချက်အရသိရသည်။

ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းမှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နှင့် စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ တို့ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားခြင်းဖြစ်သည်။

ဦးလှမောင်သန်းမှာ ပြီခဲ့သည့် ဖေဖော်၀ါရီ ၁၅ ရက်နေ့က ၆ ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း တရားလိုမရောက်သဖြင့် ယခု မတ်လ ၁ ရက်နေ့ ၇ ကြိမ်မြောက် ရုံးချိန်းခဲ့ရာတွင်လည်း တရားလို ထပ်မံမရောက်ရှိကြောင်းနှင့် တရားသူကြီးလည်း မရောက်သည့် အတွက် ထပ်မံရုံးချိန်းလိုက်ကြောင်း ဦးလှမောင်သန်း၏ ဇနီးဖြစ်သူကပြောသည်။

“ဘာမှထူးခြားတာမရှိဘူးကွယ်။ တရားသူကြီးလည်းမရောက်၊ တရားလိုလည်းမရောက်ပါဘူး။ ရုံးချိန်းကိုတော့ ၁ နာရီ ၀န်းကျင်လောက်မှာ ရုံးထုတ်ပါတယ်” ဟုပြောသည်။

ဦးလှမောင်သန်းမှာ ကျန်းမာရေးမကောင်းသည့်အတွက် ဆေး၀ယ်ပေးခဲ့ကြောင်းနှင့် ဆေးရုံတွင် ဆေးကုခွင့်ရလျှင် ဆေးကုသပေးချင်ကြောင်း ဇနီးကပြောသည်။

“ကျန်းမာရေးတော့မကောင်းဘူး။ ခုတော့ နေမကောင်း သွေးပေါင်ချိန်ကျနေတဲ့အတွက် အား ဆေး၀ယ်ပေးခဲ့တယ်။ ဆေးကုခွင့်ကမရ၊ ဆေးကုသပေးခွင့်ရရင်တော့ ဆေးကုပေးချင်တာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ဦးလှမောင်သန်းနှင့်အတူ ပါလာသည့် အဖော်ဖြစ်သူ ဦးမောင်ချေတို့ နှစ်ဦးလုံးကို ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် နှင့်ဆက်စပ်၍ မတရားအသင်းဆက်သွယ်မှု၊ စစ်ပုန်ကန်မှုနှင့် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုများဖြင့်တရားစွဲဆိုခံထားရသူများကို စစ်ကောင်စီက ပုန်မှန်ရုံးထုတ်နေသော်လည်း စစ်တပ်ဖက်က တရားလို ပျက်ကွက်နေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ