Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA နှင့်ဆက်စပ်သည်ဟုဆိုကာ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု ထပ်မံရုံးချိန်း ရွှေ့ဆိုင်း

ABN – ရာဟု

ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှုကို ဖေဖော်ဝါရီလ ၂၁ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီး မတ်လ ၁ရက်နေ့သို့ ထပ်မံရုံးချိန်း ရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်အရ သိရှိရသည်။

တရားစွဲဆို ခံထားရသူများမှာ မြောက်ဦးမြို့ ဗန္ဓုလရပ်ကွက်မှ ဦးကိုကိုညွန့်၊ ကျောက်ရစ်ကေရပ်ကွက်မှ ဦးကျော်ဝင်းလှိုင် နှင့် တိန်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းတို့ဖြစ်ကြသည်။

၂၀၂၂ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ၎င်းတို့ ၃ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ စရဖ တပ်ဖွဲ့မှ ဗိုလ်ကြီးကျော်ကျော်မင်းက တရားလိုပြုလုပ်ပြီး ‌မြောက်ဦးမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နှင့် တရားစွဲဆိုခဲ့ပြီး ဇန်နဝါရီလ ၁၆ရက်နေ့က နောက်ထပ်ပုဒ်မ ၁၇(၁)ဖြင့် ထပ်မံ တရားစွဲဆိုခံထားရကြောင်း သိရသည်။

ယမန်နေ့က ရုံးထုတ်ရာတွင် တရားလိုရဲ တစ်ဦးနှင့် ဦးကိုကိုညွန့်ကို စစ်ဆေးခဲ့ကြောင်း ဦးကိုကိုညွန့်၏ ဖခင်ကပြောသည်။

“ကျနော့သားနှင့်တခြားသူတွေကို AAကလို့သတ်မှတ်ပြီးတော့ မဟုတ်တာကို အဟုတ်လုပ် စစ်ဆေးသွားတယ်၊ အဲဒီဖက်က ရဲတစ်ယောက်ကို စစ်ဆေးခဲ့တယ် တခြားသူတွေကိုတော့ မစစ်လိုက်ရဘူး” ဟု ကိုကိုညွန့်ဖခင် ဦးကျော်ညွန့်က ABN ကို ပြောသည်။

အမှုကို အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ စစ်ဆေးနေမှုကြောင့် ငွေကုန်ကျမှုများနေပြီဖြစ်ကြောင်းနှင့် အမှုကို အမြန်ဆုံးဖြတ်စေလိုကြောင်း ကိုပြည့်စုံဝင်း၏ဇနီးက ပြောသည်။

“မနေ့ကကိုကိုညွန့်နှင့် သူတို့ဖက်ကရဲတစ်ယောက်ကို စစ်ဆေးတယ်၊ ကိုကျော်ဝင်းလှိုင်နှင့် ကျမယောက်ျားကို မစစ်ဆေးခဲ့ရဘူး၊ တရားသူကြီးက မတ်လ၁ရက်နေ့ကို ထပ်ရုံးချိန်းပါတယ်၊ ရုံးသွားရတာ ပိုက်ဆံတအားကုန်နေပြီး အမှုကို အမှန်အတိုင် အမြန်ဆုံးဖြတ်စေချင်တယ်” ဟု ကိုပြည့်စုံဝင်း၏ဇနီး မလှဘုက ABNကို ပြောဆိုသည်။

အမှုမှာ ၈လကျော်ကြာမြင့်လာပြီဖြစ်ပြီး မိသားစုများမှာ နေ့စားအလုပ်သမားများဖြစ်ကြသည့်အတွက် ၎င်းတို့အမှုအတွက် ရှေ့နေငှားရမ်းရန် ငွေကြေးမရှိသည့်အပြင် အိမ်ရှင်ယောက်ျားများ အဖမ်းခံထားရသောကြောင့် စားဝတ်နေရေးပါ အခက်အခဲတွေ့နေရကြောင်း မိသားစုများကပြောသည်။

AA နှင့်ဆက်စပ်သည်ဟုဆိုကာ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု ထပ်မံရုံးချိန်း ရွှေ့ဆိုင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ