Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA နှင့်ဆက်စပ်ကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ ( ၁ ) ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မှ စစ်ဘေးရှောင်တစ်ဦးကို ၁၀ကြိမ်မြောက်ရုံးထုတ်သော်လည်း တရားလိုပျက်ကွက်

ABN-ရှိုင်းမိုး

ကျောက်တော်မှ စစ်ဘေးရှောင်တစ်ဦးကို ကျောက်‌တော်မြို့နယ် တရားရုံးတွင် ၁၀ ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း တရားလိုပျက်ကွက်ခဲ့သည်။

ရုံးထုတ်စစ်ဆေးခဲ့သည်သူမှာ ကျောက်တော်မြို့မှ ကဝိရတနာစစ်‌ဘေးရှောင်စခန်းမှ ဦကျော်ဟိန်းဖြစ်သည်။

ဦးကျော်ဟိန်းကို ယနေ့ နံနက် ၁၀နာရီ ၃၀ မိနစ်အချိန်တွင် ၁၀ ကြိမ်မြောက်ရုံးထုတ်သော်လည်း စစ်ကောင်စီဖက်မှ တရားလိုထပ်မံပျက်ကွက်သည်ဟု ဦးကျော်ဟိန်းဇနီးမှ ပြောသည်။

“ ဒီ ၁ကြိမ်လည်းဘာမှမထူးပါဘူး၊ သူတို့ဖက်ကထပ်ပြီး တရားလိုမရောက်ပါဘူး၊ ကျမလည်းစိတ်ပျက်လာပါပြီ၊ ဒီနေဆိုရင်ကျွန်မဝမ်းနည်းမိတယ်၊ သူများတွေလွတ်ကြတော့ ကျွန်မယောက်ကျားလည်း လွတ်မလားဆိုပြီးတွေးထားတာ၊ အခုတော့ဘာမှ မထူးပါဘူး၊ အပြစ်ရှိတယ်ဆိုရင်လည်း အပြစ်ပေးလိုက်ကြပေါ့၊ အပြစ်မရှိရင်လည်း ပြန်လွှတ်ပေးစေချင်တယ်၊ သူမရှိရင် ကျမသားသမီးတွေနဲ့ အဆင်မပြေပါဘူး” ဟု ပြောသည်။

ဦးကျော်ဟိန်းသည် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီမှ အပစ်မဲ့ပြည်သူ ၂၀၀ကျော်ကိုဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ ( ၁ ) နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ ( က ) တို့ဖြင့် စစ်ကောင်စီမှ တရားလိုလုပ်ကာတရားစွဲဆိုခံနေရသူများထဲမှ တစ်ဦးဖြစ်သည်။

AA နှင့်ဆက်စပ်ကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ ( ၁ ) ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မှ စစ်ဘေးရှောင်တစ်ဦးကို ၁၀ကြိမ်မြောက်ရုံးထုတ်သော်လည်း တရားလိုပျက်ကွက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ