Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA တပ်ဖွဲ့ဝင်များ မိုခါ မုန်တိုင်းသင့် ဒေသများ၌ လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေးရှင်းလင်းမှုများ ပြုလုပ်နေ

ရခိုင်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဒေသများ၌ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ လူသွားလမ်း၊ ကားလမ်းများကို အဓိက ဦးစားပေအနေဖြင့် ရှင်းလင်းမှုများ ပြုလုပ်လျက်ရှိသည်ကိုတွေ့ရသည်။

လမ်းများတွင် ဓာတ်တိုင်များ လဲပြို၍ လမ်းပိတ်ခြင်း၊ သစ်ပင်များ လဲကျ လမ်းပိတ်ဆို့ခြင်းများနှင့် လမ်းတွင် ပြတ်ကျနေသည့် လျပ်စစ်ကြိုးများအား ဘေးမဖြစ်အောင် ဆောင်ရွက်ခြင်းကို ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

လမ်းများအား ရှင်းလင်းပြီးပါက နေအိမ်ခြံဝန်းထဲ လဲကျနေသည့် သစ်ပင်များ လိုအပ်သည်ကို ရှင်းလင်းသွားမည်ဟု ပြောသည်။

ရခိုင်တွင် ရသေ့တောင်၊ ပေါက်တော၊ စစ်တွေမြို့နယ်တို့တွင် မုန်တိုင်းကြောင့် ပျက်စီးမှု ပိုများကြောင်း သိရသည်။

ဓာတ်ပုံ-ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ