Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA စနိုက်ဘာသမားလက်ချက်ဖြင့် စကစ ဗိုလ်ကြီးတစ်ဦး၏ ဘယ်ဖက်မျက်လုံးဖောက်ထွက်သွား

AA စနိုက်ဘာသမားလက်ချက်ဖြင့် စကစ ဗိုလ်ကြီးတစ်ဦး၏ ဘယ်ဖက်မျက်လုံးဖောက်ထွက်သွား

AB News – ဒီဇင်ဘာ ၁၀၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် သစ်တောရွာအနီးမှထွက်လာသည့် စစ်ကောင်စီကားတစ်စီး ၁ စီးမှ ဗိုလ်ကြီးတစ်ဦးအား ရက္ခိုင့်တပ်တော်မှ စနိုက်ဘာသမား၏ပစ်ခတ်မှုကြောင့် ဘယ်ဖက်မျက်လုံးပွင့်ထွက်သွားကြောင်း သတင်း ရရှိသည်။

၎င်းတို့သည် ယနေ့ ဒီဇင်ဘာ ၁၀ရက်နေ့ နေ့လည် ၁၂ နာရီ ကျော်တွင် ဘူးသီးတောင်မြို့နယ် သစ်တောရွာအနီး တောင်ကုန်းမှ ဆင်းလာသော စစ်ကားများထဲမှ ဗိုလ်ကြီးပါသောကားတစ်စီးကို ရက္ခိုင့်တပ်တော် စနိုက်ဘာသမားတစ်ဦးက မျက်လုံးတစ်ဖက်အား ချိန်ရွယ်ပြီး ပစ်ခတ်ခဲ့ကြောင်း ခိုင်လုံသတင်းရင်းမြစ်တစ်ဦးက AB News သို့ ပြောသည်။

” စစ်ကားတွေတန်းစီပြီးဆင်းလာတယ်၊ AAတပ်ဖွဲ့ဝင် စနိုက်ဘာသမားတစ်ယောက်က ဗိုလ်ကြီးပါတဲ့ကားကိုရှာပြီး စနိုက်ဘာနဲ့ ပစ်လိုက်တာ ၊ ဘယ်ဖက်မျက်လုံး ပွင့်ထွက်သွားပါတယ်” ဟု ဆိုသည်။

မျက်လုံးတစ်ဖက်ကန်းသွားသည့် အကြမ်းဖက်စကစ ဗိုလ်ကြီးအား ဆေးကုရန် ရန်ကုန်သို့ လေကြောင်းဖြင့် ပို့ဆောင်နေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သစ်တောရွာမှာ ရွာသားများမှာ စစ်ကောင်စီ၏ ရန်ကိုကြောက်၍ စစ်ဘေးရှောင်နေကြပြီး၊ ရွာသားများကို ရွာထဲတွင် ပြန်လာနေရန်နှင့် ပြန်မလာလျင် ရွာကို မီးကိုမီးရှို့ပစ်မည်ဟု စကစအဖွဲ့က ပြောကြောင်း သိရသည်။

ထို့အပြင် အ​ကြမ်းဖက်စကစ အဖွဲ့သည် ဘူးသီးတောင်မြို့နယ်ရှိ တောင်တန်းများအား လေယာဥ်ဖြင့် ဗုံးကြဲမည်ဟု ကြုံးဝါးနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

အထိနာနေသော အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်ပြည်အနှံ့အပြားတွင် စစ်ရေးလှုပ်ရှားမှု၊ ဒရုန်းဖြင့်ကင်းထောက်မှုများအား နေ့တိုင်းပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ