Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA က ဖမ်းဆီးသွားသည့် မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာမှ အမှုနှင့်မသက်ဆိုင်သူ ၈ ဦးကို ပြန်လည်လွှတ်ပေး

AA က ဖမ်းဆီးသွားသည့် မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာမှ အမှုနှင့်မသက်ဆိုင်သူ ၈ ဦးကို ပြန်လည်လွှတ်ပေး

ULA/AA သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရခိုင်ပြည် မြောက်ဦးမြို့နယ် ပေါင်းတုတ် မူဆလင်ရွာမှ အမှုနှင့်မသက်ဆိုင်သူ ၈ ဦးကို ရက္ခိုင့်တပ်တော်၊ ဗီတာ ၁ စစ်ဒေသ ထောက်လှမ်းရေးဌာနမှ ဧပြီ ၁၄ ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြန်လည် လွတ်မြောက်လာသူများမှာ အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၁ ဦးတို့ ဖြစ်ကြသည်။

ထိုသူတို့အား ဧပြီလ ၁၄ ရက်နေ့က ၎င်းတို့၏ နေအိမ်များသို့ ကျန်းမာစွာဖြင့် ပြန်လည် အပ်နှံ့လိုက်ပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြန်လည်လွှတ်ပေးလိုက်သူများအား “ကောင်းမွန်စွာ လုပ်ကိုင်စားသောက်ပြီး လူဆိုး/သူခိုး အဖွဲ့သားများအား အားပေးကူညီမှုမလုပ်ပါ” ဟုဝန်ခံကတိပြုခိုင်းခဲ့ကြောင်းလည်း သိရသည်။

ဦးအာရ်ဒူဂျော်ဘော်နှင့် မာတာလောင်တို့အဖွဲ့နဲ့အတူရှိနေသည့် ထိမ်းသိမ်းခံထားရသူများကိုလည်း ရက္ခိုင့်တပ်တော်က လူသားချင်းစာနာမှုဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။

ဖြစ်စဥ်မှာ မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာသစ်ရွာနေ ဦးဂျော်ဘော် ဦးဆောင်သော လူမိုက်ဂိုဏ်းအဖွဲ့သည် ယခုနှစ် မတ်လ ၃၀ ရက်နေ့က ရာအိမ်မှူးဦးနော်ရော်လောက်အား ဦးဂျော်ဘော်အဖွဲ့မှ ဝိုင်းဝန်းအနိုင်ကျင့်သဖြင့် ဒဏ်ရာပြင်းထန်ရသွားခဲ့သောကြောင့် မှုခင်းအား ULA/AA အာရက္ခပြည်သူ့အာရက္ခပြည်သူ့အစိုးရထံ တိုင်ချက်ဖွင့်လာခဲ့ရာ မတ်လ ၃၁ ရက်နေ့က တရားခံအား ဖမ်းဆီးရန် သွားသည့် ရဲတပ်ဖွဲဝင်များမှာ ခုခံတိုက်ခိုက်ခံခဲ့ရပြီး အငှားကားမောင်းသမား ဦးသန်းထွန်းမောင်မှာ ပြင်းထန်ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

ထို့နောက် ဧပြီလ ၅ ရက်နေ့က ပေါင်းတုတ်ရွာကို သက်ဆိုင်ရာ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက ရွာထဲဝင်ရောက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ