Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ တရားစွဲခံထားရသည့် မင်းပြားမြို့နယ် ဒု-ပညာရေးမှူး အမှုအား လာမည့် သောကြာနေ့တွင် စတင် ရုံးထုတ် စစ်ဆေးမည်

စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့သည့် မင်းပြားမြို့နယ် ဒု-ပညာရေးမှူး ဦးတင်မျိုးဇော်အား ဒီဇင်ဘာလ ၁၂ ရက် နေ့လည် ၁၁ နာရီက စစ်တွေမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး CMP လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

ဒု-ပညာရေးမှူး ဦး တင်မျိုးဇော်အား လာမည့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရုံးတင်စစ်ဆေးမှာဖြစ်ပြီး လိုပြသက်သေ ၇ ဦး (ပညာရေးဝန်ထမ်း) များကိုလည်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် CMP အတွက် ရုံးတင်စစ်ဆေးမည်ဟု သိရသည်။

၎င်းကို ဒီဇင်ဘာ ၁၂ ရက်နေ့က တရားရုံးသို့ ခေါ်ယူခဲ့ပြီး CMP ( Case Management Program) မှုခင်းစီမံခန့်ခွဲမှုအတွက် သွားရောက်လက်မှတ်ရေးထိုးခဲ့ရကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦး မှပြောသည်။

“မနေ့ကတော့ တရားရုံးမှာ ရုံးထုတ်ပါတယ်၊ CMP လုပ်မယ်လို့ပြောပါတယ်၊ နောက်တစ်ပတ် ရုံးချိန်းကျမှ မှုခင်းကို စစ်ဆေးမှာဖြစ်ပါတယ်” ဟု ၎င်းက ABN ကိုပြောသည်။

ဦးတင်မျိုးဇော်ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့က စစ်တွေ ပြည်နယ်ပညာရေးမှူးရုံးက လာရောက်ဖို့ ခေါ်ယူခဲ့ပြီး စစ်တွေမြို့ အရောက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပညာရေးရပ်ဝန်းက သိရသည်။

မင်းပြား ဒု-ပညာရေးမှူးကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က စစ်တွေ မြို့နယ်တရားရုံးတွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးပြည့်စုံက တရားလိုလုပ်ကာ တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။

၎င်းအား ရက္ခိုင့်တပ်တော်ကို ငွေကြေးထောက်ပံ့ရန် ဆရာ/မများ၏ လစာငွေမှ လစဥ်ကြေး ၅၀၀၀ ကျပ်စီဖြတ်၍ ကောက်ခံသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခြင်းဖြစ်ကြောင်းသိရသည်။

မင်းပြား ဒုပညာရေးမှူး ဦးတင်မျိုးဇော်မှာ ရက္ခိုင့်တပ်တော်အား ငွေကြေးထောက်ပံ့ခြင်း၊ အဆက်အသွယ်ပြုလုပ်ခြင်းများ မရှိခဲ့ကြောင်း သူနဲ့ နီးစပ်သူများ ပြောကြားချက်အရ သိရသည်။

AA ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ တရားစွဲခံထားရသည့် မင်းပြားမြို့နယ် ဒု-ပညာရေးမှူး အမှုအား လာမည့် သောကြာနေ့တွင် စတင် ရုံးထုတ် စစ်ဆေးမည်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ