လူပေါင်း ၁ သိန်းကျော်ရောက်ရှိ
ABN-ကိုဟိန်းထွန်း
ကျောက်တော်မြို့နယ် ဇီးချောင်းဆည်တွေ ULA/AA က ကျင်းပနေသည့် ဇီးချောင်းသင်္ကြန် တတိယနေ့တွင် ရေကစားသူ ၁ သိန်းကျော်ထိ ရှိကြောင်း လက်မှတ်ရောင်းချရေးဌာနက သိရသည်။
ထိုရေကစားမဏ္ဍာပ်တွင် မဏ္ဍာပ်ဝင်ကြေး လူ ၁ ဦးလျှင် ၃၀၀၀ ကျပ်စီပေးရပြီး၊ ဆိုင်ကယ်၊ ကား ဂိတ်ကြေးခလည်း အခကြေးငွေ ပေးဆောင်ရကြောင်း သိရသည်။
မဏ္ဍာပ်တွင် AA တပ်သားများက လုံခြုံရေးနှင့် တခြားသော ဝန်ဆောင်မှုများကို လုပ်ပေးသည်ကိုတွေ့ရသည်။
ရခိုင်မှ နာမည်ကြီး အဆိုတော်များက ထိုသင်္ကြန်တွင် လာရောက်ဖြေဖျော်ပေးနေသည်ကိုလည်းတွေ့ရသည်။
ပြီးခဲ့သည့် ၂ ရက်ကလည်း ရေကစားသူ သိန်းချီရောက်ရှိကြောင်း သိရသည်။





















