Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AAနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ တရားစွဲဆိုခံထားရသည့် အရပ်သား ၆ဦးအမှုရုံးထုတ်သော်လည်း စစ်ကောင်စီတရားလိုပျက်ကွက်

ABN-ရှိုင်းမိုး

AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံထားရသည့် အရပ်သား ၆ဦးအမှုကို ‌ကျောက်တော်မြို့နယ် တရားရုံးတွင် ယနေ့ ရုံးထုတ်ခဲ့သော်လည်း တရားလိုပျက်ကွက်ခဲ့သည်ဟု သိရသည်။

ယနေ့ ၁၁ နာရီကျော်အချိန်တွင် ထိုအရပ်သား ၆ဦးကို ကျောက်‌တော်မြို့နယ် တရားရုံးတွင် ၈ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖက်မှ တရားလိုမရောက်၍ ဖေဖော်ဝါရီလ ၂၄ရက်နေ့သို့ ရုံးချိန်း ထပ်မံ ရွှေ့လိုက်ကြောင်း သိရသည်။

“ စစ်ဆေးတာကတော့ တခြားမရှိပါဘူး၊ တရားသူကြီးက မိဘ နာမည်တွေခေါ်စစ်ဆေးပါတယ်၊ သူတို့ဖက်က တရားလိုမရောက်ပါဘူး၊ ၂၄ ရက်နေ့ကို ထပ်ချိန်းလိုက်ပါတယ်” ဟု အမှုသည်တစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။

ထို ၆ဦးအမှုကို ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်က ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးမှု တစုံတရာမပြုလုပ်ခဲ့ကြောင်းသိရသည်။

အမှုရင်ဆိုင်နေရသူများမှာ ပုဏ္ဏားကျွန်းမြို့နယ် ‌အောင်ဖြူပြင်ရွာမှ ကိုမျိုးဦး ကျောက်တော်မြို့နယ် ဝပြန်ရွာမှ မောင်သန်းဌေး၊ မောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရို့ပြင်ရွာမှ ဦးသန်းစိုး၊ မြေပုံမြို့နယ် အငူရွာသစ်မှ ကိုမောင်ချေ ( ခ ) မောင်မျိုးကို နှင့် မြောက်ဦးမြို့ မဟိန်ဂျီရပ်ကွက်မှ ကျော်မောင်လင်းတို့ဖြစ်သည်။

ထို ၆ဦးမှာ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားချိန်ကာလတွင်း ကျောက်‌တော်အခြေစိုက်ဖြစ်သည့် စကခ ( ၉ ) နှင့် ခမရ ( ၅၃၉ ) စစ်ဆေးရေးဂိတ်များတွင် AA နှင့် ဆက်စပ်သူဟု စွပ်စွဲကာဖမ်းဆီးခံလိုက်လိုက်ရသူများဖြစ်သည်။

AAနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ တရားစွဲဆိုခံထားရသည့် အရပ်သား ၆ဦးအမှုရုံးထုတ်သော်လည်း စစ်ကောင်စီတရားလိုပျက်ကွက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ