Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AAနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ တရားစွဲဆိုခံထားရသည့် လူထုဇော်ဝင်းအပါဝင် အရပ်သား ၁၂ ဦးအမှုကို ရုံးချိန်းထပ်မံရွှေ့ဆိုင်း

ABN-ရှိုင်းမိုး

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် AAနှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီဖက်က တရားလိုလုပ်ကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ( က )၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ ( ၁ ) တို့နှင့် လူထု‌ဇော်ဝင်းအပါအဝင် အရပ်သား ၁၂ ဦးတို့ အမှုရင်ဆိုင်နေရသည်။

ထိုအမှုရင်ဆိုင်နေရသူ ၁၂ဦး အား ယမန်နေ့ ဇန်နဝါရီ ၂၇ နံနက် ၁၁ နာရီကျော်ချိန်တွင် ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးမှု တစုံတရာမပြုလုပ်ခဲ့ကြောင်းသိရသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ ( က ) ဖြင့် တရားစွဲဆိုခံထားရသူများမှာ ကျောက်‌တော်မြို့မှ လူထုဇော်ဝင်း၊ စစ်တွေမြို့မှ ကိုဇော်မိုးထက်၊ ကျောက်တော်မြို့နယ် ခေါင်းတောင်ရွာမှ ဦးကျော်သန်းမောင် တို့ဖြစ်ပြီး၊ မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇ ( ၁ ) ဖြင့် တရားစွဲဆိုခံထားရသူများမှာ ကျောက်တော်မြို့ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်း၊ ကျောက်တော်မြို့နယ် သရက်တပင်ရွာမှ ဦးမောင်စိုးသာ၊ မင်းပြားမြို့နယ်မှ ဓာတ်ပုံဆရာ ဦးစောမိုးကျော်၊ ပုဏ္ဏားကျွန်းမြို့နယ် ဝပြန်ရွာမှ မောင်သန်းဌေး၊ မောင်ထွန်းလှိုင်၊ ပုဏ္ဏးကျွန်းမြို့နယ် ရဲရို့ပြင်ရွာမှ ဦးသန်းစိုး၊ ရွှေနတ်ပြင်ရွာမှ ကိုမျိုးဦးနှင့် မြောက်ဦးမြို့ မဟိန်ဂျီရပ်ကွက်မှ ကျော်မောင်လင်းတို့ဖြစ်သည်။

ထို ၁၂ဦးတို့မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ( က ) ဖြင့် အမှုရင်ဆိုင်နေရသူ ၃ ဦးနှင့် ပုဒ်မ ၁၇ ( ၁ ) ဖြင့် အမှုရင်ဆိုင်နေရ သူ ၃ ဦးတို့ကို ဖေဖော်ဝါရီ ၈ ရက်နေ့သို့ထပ်မံရုံးချိန်းလိုက်ပြီး ကျန် ၆ ဦးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့သို့ အသီးသီး ထပ်မံရုံးချိန်းလိုက်ကြောင်းသိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီကျော်က ကျောက်ဖြူထောင်မှ AA နဲ့ ဆက်စပ်သသည်ဟုဆိုကာ ဖမ်းဆီး တရားစွဲခံထားရသူများထဲမှ အရပ်သား ၁ ဦး ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဓာတ်ပုံမူပိုင်-APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ