Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AAနှင့် စစ်ကောင်စီကြား အပစ်ခတ်ရပ်စဲရေးတွင် ကတိများကို စစ်ကောင်စီက ချိုး‌ဖောက်ထားသည့်အတွက် နောက်ထပ်အပစ်အခတ်ရက်စဲရေး ဆွေးနွေးရန်မဖြစ်နိုင်ဟု AA ပြော

AAနှင့် စစ်ကောင်စီကြား အပစ်ခတ်ရပ်စဲရေးတွင် ကတိများကို စစ်ကောင်စီက ချိုး‌ဖောက်ထားသည့်အတွက် နောက်ထပ်အပစ်အခတ်ရက်စဲရေး ဆွေးနွေးရန်မဖြစ်နိုင်ဟု AA ပြော

ABN-ရှိုင်းမိုး

စစ်ကောင်စီမှ အပစ်ခတ်ရပ်စဲရေးကို နောက်တစ်ဆင့်ထပ်တိုးရန် ပြင်ဆင်နေသော်လည်း ငြိမ်းချမ်းရေးကတိကဝတ်များကို စစ်ကောင်စီချိုးဖောက်ထားသည့်အတွက်ကြောင့် နောက်တစ်ဆင့် အပစ်အခတ်ရပ်စဲရန် မဖြစ်နိုင်ဟု ယနေ့ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။

၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၆ရက်နေ့က လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲတဲ့နေကတည်းက ၂လအတွင်း စစ်ကောင်စီဖက်မှ ရခိုင်မှ အပြစ်မဲ့ ဖမ်းဆီးခံထားရတဲ့ပြည်သူများ ပြန်လည်လွတ်ပေးရမည်၊ ရခိုင်မှ ကုန်းလမ်းရေလမ်းအားလုံးကိုလည်း ပြန်ဖွင့်ပေး၊ ဆေဝါး ကုန်သယ်ခွင့်ကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးရမည်ဟု စစ်ကောင်စီနှင့် AA ကြားသဘောတူညီမှုရှိခဲ့သည်ဟု ဦးခိုင်သုခမှ ပြောကြားခဲ့သည်။

နောက်တစ်ဆင့် အပစ်ခတ်ရပ်စဲနိုင်ရန်အတွက် စစ်ကောင်စီဖက်မှ အပြစ်မဲ့ပြည်သူများကိုပြန်လွှတ်ပေးပြီး ရခိုင်ပြည်ထဲကို ဆေးဝါးကုန်သွယ်ရေးလမ်းကြောင်းများနှင့် သွားလာရေးလမ်းခရီးများကို ပြန်မလုပ်ပေးသ၍ နောက်တစ်ဆင့်အပစ်အခတ်ရပ်စဲရန်မဖြစ်နိုင်ဟု သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။

“ပထမ ပေးထားတဲ့ကတိကိုတောာင် သူတို့ဖက်က မတည်နိုင်တာ၊ နောက်တစ်ဆင့် အပစ်အခတ်ရပ်စဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ၊ ရခိုင်ပြည်ထဲကို ဆေးဝါးသယ်ယူခွင့်တွေ၊ သူတို့ဖမ်းထားတဲ့ အပြစ်မဲ့ပြည်သူတွေကို ပြန်လွတ်ပေးမည်ဆိုရင် အပစ်ခတ်ရပ်စဲဖို့ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် သူတို့အခုလို့ ပုံစံအနေနှင့်ဆက်သွားနေရင်တော့ မဖြစ်နိုင်ဘူး” ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။

ထို့အပြင် စစ်ကောင်စီက ပေးထားသည့် ကတိများကို ချိုးဖောက်ပါက ရခိုင်တွင် တိုက်ပွဲအချိန်မရွေးပြန်ဖြစ်နိုင်ကြောင်းလည်းပြောကြားခဲ့သည်။

လက်ရှိတွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးထားသည့် အပြစ်မဲ့ ရခိုင်ပြည်သူ ၂၀၃ ဦးမှာ ထောင်နှင့် အချုပ်ခန်းများတွင် ရှိနေဆဲ ဖြစ်ကြောင်း AA က ပြောခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ