Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AAနှင့်တကျော့ပြန် အပစ်အခတ်ရပ်စဲထားပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရခိုင်သို့ ၃ကြိမ်မြောက်ရောက်ရှိ

AAနှင့်တကျော့ပြန် အပစ်အခတ်ရပ်စဲထားပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရခိုင်သို့ ၃ကြိမ်မြောက်ရောက်ရှိ

ABN-ရှိုင်းမိုး

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန် အပစ်အခတ်ရပ်စဲထားပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ၃ကြိမ်မြာက် ရခိုင်သို့ရောက်ရှိနေသည်ကို တွေ့ရသည်။

ဖေဖော်ဝါရီလ ၁၉ရက်နေ့မှ ၂၁ရက်နေ့ထိ စစ်အာဏာသိမ်းခေါင်း မင်းအောင်လှိုင်နှင့် ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ် Chalermpol Srisawat တို့ ရခိုင်ပြည် ငပလီတွင် တွေ့ဆုံခဲ့ပြီး ငပလီတွင် မင်းအောင်လှိုင်နဲ့ဇနီးတို့ အေပ်ာ္စီး Speed Boat တို့ဖြင့်ရေကစားခဲ့ကြသည်ကိုတွေ့ရသည်။

ထိုတွေ့ဆုံပွဲမှာ ၈ကြိမ်မြောက်ဖြစ်ပြီး ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးများအကြောင်းကို အလေးပေးဆွေးနွေးခဲ့ကြပြီး၊ ထိုအစည်းဝေးတွင် အဆင့်မြင့်အရာရှိကြီးများနှင့်ကော်မတီဝင်များ ပါဝင်ကြောင်းတွေ့ရသည်။

ဖေဖော်ဝါရီလ ၂၆ရက်နေ့ ညနေပိုင်းအချိန်တွင် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့် ဇနီးဖြစ်သူတို့ စစ်တွေမြို့သို့ထပ်မံ ရောက်လာပြီး စစ်ကောင်စီတပ်မိသားစုနှင့်တွေ့ဆုံခဲ့ပြီး စစ်တွေမြို့ရှိ ရခိုင်စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း ဦးဥတ္တမပန်းခြံရှိ ခန်းမတွင် တွေ့ဆုံခဲ့သည်ကိုတွေ့ရသည်။

မတ္လ ၃၀ရက်နေ့ နေလယ်ပိုင်းအချိန်တွင်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တွေသို့ရောက်ရှိပြီး၊ စစ်တွေတက္ကသိုလ်သို့သွားရောက်ခဲ့ကြပြီးနောက် စစ်တွေကန်တော်ကြီးနှင့် ပွိုင့်ကမ်းခြေတို့ကိုလည်း သွားရောက်ခဲ့ကြသည်။

ထို့အပြင် စစ်ခေါင်းဆောင်းဟောင်း သန်းရွှေ တည်ထားခဲ့သည့် စစ်တွေမြို့လယ်ရှိ လောကာန္ဒစေတီကို ထီးတော်တင်မည်ဖြစ်ကြောင်း သိရသည်။

စစ်ခေါင်ဆောင်မင်းအောင်လှိုင် ရခိုင်သို့ ရောက်ရှိနေသော်လည်း ရခိုင်ပြည်သူလူထုအတွက် ကောင်းကျိုးတစ်စုံတရာမရှိဘဲ ရခိုင်ကို ပုံရိပ်ကျအောင် လုပ်နေခြင်းသာဖြစ်ကြောင်း စစ်တွေဒေသခံ ၁ ဦးက ဝေဖန်ပြောဆိုသည်။

“မင်းအောင်လှိုင်ရောက်လို့ ရခိုင်တွေအတွက် ဘာမှ ထူးခြားပြောင်းလဲသွားတာမရှိဘူး။ သူရောက်ရင် ရခိုင်ပြည်တောင် ကမ္ဘာ့အမြင်မှာ ပုံရိပ်ကျသေးတယ်။ သူတို့က စစ်ရာဇဝတ်ကောင်တွေ ဒီလိုလူတွေ မလာလေ ကောင်းလေပဲ” ဟုဆိုသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရခိုင်သို့ ရောက်သော်လည်း သူတို့ပိတ်ထားသည့် လမ်းများနှင့် ဖမ်းထားသည့် အရပ်သားများကို ပြန်လည်လွှတ်ပေးခြင်းလည်း မရှိသည့်အတွက် မည်သည့်မှတ်ချက်မှ မပြုလိုကြောင်း ပြီးခဲ့သည့် ရက္ခိုင့်တပ်တပ် သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရ ဦးခိုင်သုခက ပြောထားသည်။

“သူကျွန်တော်တို့ ရခိုင်ပြည်ကိုလာနေတာကိုတော့ စောင့်ကြည့်နေပါတယ်၊ ဒါပေမယ့် သူရောက်တယ်ဆိုပြီး ပိတ်ထားတဲ့ကားလမ်းတွေပြန်ဖွင့်ပေးတာမျိုးလည်းမရှိဘူး၊ သူတို့မတရားဖမ်းဆီးထားတဲ့ သူတွေကိုလည်း လွှတ်ပေးတာမျိုးမရှိသေးဘူး၊ ဒါကြောင့် သူရခိုင်သို့အခုလိုရောက်နေတာကို ကျွန်တော်အနေ့နဲ့ ဘာမှပြောစရာမရှိပါဘူး” ဟု ရက္ခိုင့်တပ်တော်မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အပစ်ခတ်ရပ်စဲထားကြသော်လည်း စစ်ကောင်စီဖက်မှ ရခိုင်မှဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူများကို ၂လအတွင်း ပြန်လွှတ်ပေးမည်ဟုကတိပြုထားသော်လည်း စစ်ကောင်စီဖက်မှ ထိုကတိကို မတိတည်သောကြောင့် တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်သည်ဟုလည်း AA ဖက်က ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ