Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AAနှင့်ဆပ်စပ်ပြီး ၁၇(၁) နှင့် တရားစွဲခံထားရသည့် ပြည်သူ ၉ ဦးကို ၁၆ ကြိမ်မြောက်ရုံးထုတ်သော်လည်း စစ်ဆေးခြင်းမရှိဘဲရုံးချိန်းထပ်ရွှေ့

AAနှင့်ဆပ်စပ်ပြီး ၁၇(၁) နှင့် တရားစွဲခံထားရသည့် ပြည်သူ ၉ ဦးကို ၁၆ ကြိမ်မြောက်ရုံးထုတ်သော်လည်း စစ်ဆေးခြင်းမရှိဘဲရုံးချိန်းထပ်ရွှေ့

ABN-ရှိုင်းမိုး

ကျောက်တော်မြို့နယ်တရားရုံးတွင် ဧပြီလ ၁၉ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်၍ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည့် ပြည်သူ ၉ ဦးကို ရုံးထုတ်ခဲ့သော်လည်း တရားသူကြီးမရောက်၍ စစ်ဆေးခြင်းမပြုဘဲ ရုံးချိန်းထပ်မံရွှေ့လိုက်ကြောင်း သိရသည်။

၎င်းတို့မှာ မင်းပြားမြို့နယ်မှ အပျော်တမ်း ဓာတ်ပုံ ဆရာ ဦးစိုးမိုးကျော်၊ ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်း၊ ကျောက်တော်မြို့နယ် သရက်တပင်ရွာမှ ဦးမောင်စောသာ၊ ဝပြန်ရွာမှ ကိုမောင်သန်းဌေးနှင့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရို့ပြင်ရွာမှ ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာမှ ကိုမျိုးဦး၊ မြေပုံမြို့နယ်အငူ ရွာသစ်မှ ကိုမောင်ချေ(ခ)မောင်မျိုးကိုနှင့် မြောက်ဦးမြို့၊ မဟိန်ဂျီ ရပ်ကွက်မှ ကို ကျော်မောင်လင်း တို့ ဖြစ်ကြသည်။

ထို ၉ဦးကိုရုံးထုတ်ခဲ့သော်လည်း တရားသူကြီးမရှိသည့်အတွက် စစ်ဆေးမှုတစ်စုံတရာမပြုလုပ်ဘဲ ရုံးချိန်ထပ်ရွှေ့လိုက်ကြောင်း ရုံးချိန်းတက်ရောက်ခဲ့သည့် မိသားစုဝင် ၁ ဦးက ABN သို့ပြောသည်။

“ရုံးချိန်းသတ်မှတ်ထားလို့သာ ထုတ်တာ၊ ဘာမှမစစ်ဆေးပါဘူး၊ တရားသူကြီးမရှိဘူးလို့သိရပါတယ်၊ ရုံးချိန်းကအကြောင်းအမျိုးမျိုးပြပြီကြာနေတယ်၊ ဘာပြောရမှန်းမသိတော့ဘူး” ဟု ပြောသည်။

သူတို့ ၉ ဦးကို ပြီးခဲ့သည့် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲကာလအတွင်း ကျောက်တော်အခြေစိုက် စကစ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟု မတရားစွပ်စွဲကာ ပုဒ်မ ၁၇ (၁) ဖြင့် ကျောက်တော်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဥ်းသားများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ၃၀၀၀ ကျော်လွှတ်ပေးခဲ့သော်လည်း ရခိုင်မှာ အေအေနှင့်ဆက်စပ်၍ ဖမ်းဆီးခံထားရသူများနှင့် နိုင်ကျဥ်းများကို ပြန်လည်လွှတ်ပေးခြင်းမရှိသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ