Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AAနှင့်ဆပ်စပ်ပြီးဖမ်းဆီးခံထားရသူ ၉ဦးကို ၁၇ကြိမ်မြောက်ရုံးထုတ်၊ ထို ၉ဦးထဲတွင် ၆ဦးမှာ တရားလိုရောက်၍ စစ်ဆေး

AAနှင့်ဆပ်စပ်ပြီးဖမ်းဆီးခံထားရသူ ၉ဦးကို ၁၇ကြိမ်မြောက်ရုံးထုတ်၊ ထို ၉ဦးထဲတွင် ၆ဦးမှာ တရားလိုရောက်၍ စစ်ဆေး

ABN-ရှိုင်းမိုး

ကျောက်တော်မြို့နယ် တရားရုံးတွင် မေလ ၂ ရက်နေ့ နံနက် ၁၀နာရီခွဲအချိန်တွင် ၁၇ (၁) ဖြင့် တရားစွဲခံထားရသူ ၉ဦးကို ရုံးထုတ်ခဲ့ပြီး စစ်ကောင်စီဖက်မှ ၆ဦး၏ တရားလိုရောက်ရှိပြီး အမှုစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရားလိုရောက်ရှိပြီး စစ်ဆေးသူများမှာ ပုဏ္ဏားကျွန်းမြို့နယ် ဝပြန်ရွာမှ ကိုမောင်သန်းဌေးနှင့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရို့ပြင်ရွာမှ ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာမှ ကိုမျိုးဦး၊ မြေပုံမြို့နယ်အငူ ရွာသစ်မှ ကိုမောင်ချေ(ခ)မောင်မျိုးကိုနှင့် မြောက်ဦးမြို့၊ မဟိံဂျီ ရပ်ကွက်မှ ကိုကျော်မောင်လင်း တို့ ဖြစ်ကြသည်။

တရားလိုမရောက်သူများမှာ မင်းပြားမြို့နယ်မှ အပျော်တမ်း ဓာတ်ပုံ ဆရာ ဦးစိုးမိုးကျော်၊ ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်း၊ ကျောက်တော်မြို့နယ် သရက်တပင်ရွာမှ ဦးမောင်စောသာတို့ဖြစ်ကြသည်။

“ ၉ယောက်ထဲက ၆ယောက်ကိုစစ်ဆေးပါတယ်၊ စစ်ဆေးခံရတာထဲမှာ ကျွန်မယောက်ျားမပါပါဘူး၊ မေလ ၁၆ရက်နေ့ပြန်ပြီးရုံးချိန်းလိုက်ပါတယ်၊ ကျွန်မလည်း ဘာပြောရမှန်းမသိတော့ဘူး၊ ကလေးတွေအများကြီးနဲ့အလုပ်လုပ်မယ့် သူလည်းမရှိဘူး၊ ကျွန်မလည်းဘာမှမလုပ်တတ်ဘူး၊ ဆန်ဈေးကလည်းတတ်နေတယ်၊ ရုံးချိန်းကရောက်ရင်ဝမ်းနည်းပြီးထိုင်ငိုမိတယ်” ဟု စစ်ဘေးရှောင် ဦးကျော်ဟိန်းဇနီးက ပြောသည်။

‌အချုပ်ခန်းတွင် ထမင်းဝအောင် မကျွေးသဖြင့် နေ့တိုင်း စစ်ဘေးရှောင်စခန်းမှ ထမင်းပို့ပေးနေရကြောင်း စစ်ဘေးရှောင် ဦးကျော်ဟိန်း ဇနီးကပြောသည်။

“ထမင်းမဝလို့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သွားပို့ပေးနေရပါတယ်၊ သူကကျန်းမာရေးလည်း သိပ်မကောင်းပါဘူး၊ ဆေးလည်းပို့ပေးရတယ်၊ သူများတွေမှာက အနီးနားက ဆိုင်ကိုပိုက်ဆံပေးထားကြတယ်၊ ၁လကို ၁၂၀၀၀၀ကျပ်ပေးရတယ်၊ ကျွန်မမှာက ပိုက်ဆံမရှိပါဘူး၊ ဒါကြောင့် မပေးနိုင်ပါဘူး၊ ဒါကြောင့် နေ့တိုင်းသွားပို့ပေးနေရတယ်” ဟုဆိုသည်။

သူတို့ ၉ ဦးမှာ ပြီးခဲ့သည့် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲကာလအတွင်း ကျောက်တော်အခြေစိုက် စကစ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ