Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AAနှင့်ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးထားသည့် စစ်တွေဒေသခံ ၂ဦး ပုဒ်မ ၅ဝ၅ (က)ဖြင့် ထောင်ဒဏ် ၂နှစ်ချခံရ

AAနှင့်ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးထားသည့် စစ်တွေဒေသခံ ၂ဦး ပုဒ်မ ၅ဝ၅ (က)ဖြင့် ထောင်ဒဏ် ၂နှစ်ချခံရ

ABN-ရှိုင်းမိုး

စက်တင်ဘာ ၁၁ရက်

AAနှင့် ဆက်စပ်ဖမ်းဆီးခံထားရသော စစ်တွေဒေသခံ ၂ဦးကို စစ်တွေမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅ (က) ဖြင့်ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်သည် ဟုသိရသည်။

ထိုဒေသခံ ၂ဦးကို ယနေ့ နံနက် ၁၀ နာရီကျော်အချိန်က စစ်တွေမြို့ရှိ စစ်ကောင်စီ တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

အမိန့်ချမှတ်ခံရသူ ၂ဦးမှာ စစ်တွေမြို့ ဗျိုင်းဖြူရွာမှ ဦးဘသိန်းနှင့် သက္ကေပြင် ( မူဆလင်)ရွာမှ မောင်မောင်ခင် တို့ဖြစ်ကြသည်ဟု စစ်တွေဒေသခံတစ်ဦးကပြောသည်။

“သူတို့က AAနဲ့ဆက်စပ်ပြီးဖမ်းဆီးခံထားရတာ၊ ပြီးတော့ ၅၀၅ (က) နဲ့အမှုဖွင့်ခံရတယ်၊ ရုံးချိန်းလိုစစ်ဆေးတဲ့အချိန်တုန်းကဆိုရင်လည်း စစ်ကောင်စီဖက်က ခိုင်လုံတဲ့သက်သေပေးမထွက်ခဲ့ဘူး၊ အခုတော့ ထောင် ၂နှစ်ချလိုက်ပါတယ်၊ ဒါကတော့ သူတို့ဖန်တီးတာပဲ” ဟုပြောသည်။

ထိုဒေသခံ ၂ဦးသည် ၂၀၂၂ ခုနှစ် ဇွန်လ တတိယအပတ်က စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူများဖြစ်သည်။

ဦးဘသိန်းကို စစ်ကောင်စီမှ ၂၀၂၂ ဇွန်လ ၂၃ရက်နေ့ ညအချိန်က နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့သည်။

၂၀၂၂ ခုနှစ် ဇွန်လအတွင်းက စစ်တွေတွင် စစ်ကောင်စီတပ်မှ အရာရှိ ၁ဦးနှင့် တပ်သား ၁ဦးကို ရက္ခိုင့်တပ်တော် AAမှ ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီမှလည်း စစ်တွေဒေသခံ ၂၁ ဦးကိုဖမ်းဆီးခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများထဲမှ အချို့သောဒေသခံများမှာ ထိုနေ့ကပင် လွတ်မြောက်ခဲ့ပြီး၊ တချို့မှာ တရားစွဲဆိုခံရ၍ အမှုရင်ဆိုင်နေကြရသည်။

စစ်ကောင်စီမှ AAနဲ့ဆက်စပ်ပြီး ဒေသခံ ၂၀၀ ကျော်ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီ၏ အချုပ်ခန်းနှင့် ထောင်များတွင် ဒေသခံ ၁၀၀ ကျော်ကျန်ရှိနေသေးသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ