Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AAနဲ့ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရသည့် လူထုဇော်ဝင်းအပါဝင် ပြည်သူ ၅ ဦးကို စစ်ကောင်စီရုံးထုတ်

Arakan Bay News-ABN၊ ဇန်နဝါရီ ၃ရက်

ရှိင်းမိုး

AAနဲ့ ဆက်စပ်သံသယဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသည့် လူထုဇော်ဝင်းအပါဝင် ဒေသခံပြည်သူ ၅ ဦးကို ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးသည်ဟုသိရသည်။

ယနေ့ ဇန်နဝါရီလ ၃ ရက် မနက် ၁၀ နာရီကျော်တွင် ကျောက်တော်မြို့မ ရဲစခန်းတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း အမှုနှင့် ရင်းနှီးသူတစ်ဦးက ABN ကို ပြောသည်။

သူတို့အားလုံးကို ဒီနေ့ ၁၀ နာရီကျော်မှာ ကျောက်တော်တရားရုံးမှာ ရုံးထုတ်မှာပါ၊ မိသားစုဝင်တွေလည်း အကုန်သွားရောက်ဖို့ရှိပါတယ် ဟု ၎င်းက ဆိုသည်။

ထို့အပြင် လူထုဇော်ဝင်းနှင့် ဖမ်းဆီးခံ ၄ ဦးတို့ကို ယခင်က ၃ ကြိမ်တိုင်တိုင် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလိုမတက်ရောက်ခဲ့သည့်အတွက် ထူးခြားမှုတစုံတရာမရှိခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ရုံးထုတ်ပြီး ၃ကြိမ် စစ်ဆေးခဲ့ပြီးပါပြီ၊ ဒါပေမယ့် ဘာမှထူးခြားမူမရှိပါဘူး၊ စစ်ကောင်စီဖက်က တရားလိုမရောက်ခဲ့ပါဘူး၊ ဒါကြောင့်သူတို့ကို ခုထိ ဘာမှမစစ်ဆေးရသေးပါဘူး ဟု ပြောသည်။

အမှုဖွင့်ခံထားရသည့်သူများမှာ ကျောက်တော်၊ ပြည်တော်သာ ရပ်ကွက်မှ ကိုဇော်ဝင်း (ခ) လူထုဇော်ဝင်း၊ ပန်းဖဲချောင်းရွာမှ ကိုဇော်မင်းထက် (၂၇) နှစ်၊ မောင်စိုးသာ၊ ကျော်ဟိန်းနှင့် ကျော်သန်းအောင်တို့ဖြစ်ကြပြီး ၎င်းတို့မှာ ၂၀၂၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရကာ နိုင်ငံတော် ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီတပ်မှ တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တရားရုံးတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ မတရားအသင်းဆက်သွ

ယ်မှု ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံထားရသည့် အရပ်သား ၇ ဦးကို ရုံးထုတ်စစ်ဆေးခဲ့သည်။

AAနဲ့ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရသည့် လူထုဇော်ဝင်းအပါဝင် ပြည်သူ ၅ ဦးကို စစ်ကောင်စီရုံးထုတ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ