Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၉ကြိမ်မြောက် တန်းခိုးဆရာထွန်း စာပေဆုပေးပွဲကို ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးရွာတွင် လာမည့် မတ်လ ၂၂ ရက်နေ့ကျင်းပမည်

၉ကြိမ်မြောက် တန်းခိုးဆရာထွန်း စာပေဆုပေးပွဲကို ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးရွာတွင် လာမည့် မတ်လ ၂၂ ရက်နေ့ကျင်းပမည်

ABN-ထက်မြတ်ခင်

၉ကြိမ်မြောက် တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲကို ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေး ရွာတွင် မတ်လ၂၂နေ့ ည ၇နာရီမှ ၁၂အထိကျင်းပသွားဖြစ်ကြောင်းသိရပြီး ထိုပွဲတွင် ဂီတဖျော်ဖြေပွဲလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထိုဆုချီးမြှင်ပွဲတွင် တစ်သက်တာစာပေဆု၊ ဂီတာစာဆိုဆု၊ ကဗျာဆု၊ ဝတ္ထုဆု၊ ဆောင်းပါးဆုနှင့် ကလေးကဗျာဆု စုစုပေါင်း ၇ဆုကို ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါဆုပေးပွဲကို ၂၀၁၁ခုနှစ်မှစ၍ ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၉ ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

“အခုစာပေဆုချီးမြှင့်ပွဲကဆိုရင် ၉ကြိမ်မြောက်ဖြစ်ပါတယ်။ ပထမ ၈ကြိမ်ကိုတော့ တန်းခိုးရွာမှာ ၆ကြိမ်နဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ၂ကြိမ်ပြုလုပ်ခဲ့ပါတယ်၊ ဒီကြားထဲမှာတော့ ကျွန်‌တော်တို့ အကြောင်းမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့တာတွေရှိပါတယ်။ အခုနှစ်မှာတော့ တန်းခိုးရွာမှာ ဆုချီးမြှင့်ပွဲပြုလုပ်သွားမှာပါ” ဟု ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးအနီမောင်က ပြောသည်။

အဆိုပါ ဆုချီးမြှင့်ပွဲတွင် ရခိုင်တစ်ပြည်လုံးရှိ စာရေးဆရာများနှင့် တေးရေးဆရာများကို ဖိတ်ကြားထားပြီး တစ်သက်တာစာပေဆုကို ဆရာကြီး ဦးမောင်ဗသိန်းနှင့် ဂီတစာဆိုဆုကို ကိုလွမ်းဝေ(သံတွဲ)အားချီးမြှင်သွားမည်ဖြစ်ပြီးဟု ကြားသိရသည်။

ဆရာထွန်းမှာ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးဇာတိဖြစ်ပြီး ကိုလိုနီခေတ်တွင် အထင်ရှားဆုံး ရခိုင်ဂန္တဝင် တေးရေးနှင့် စာရေးဆရာကြီးတစ်ဦးဖြစ်ခဲ့ပြီး အသက် ၇၀အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။

ဆရာထွန်းစာပေဆုပေးပွဲဆိုသည်မှာ ဆရာကြီးအား ဂုဏ်ပြုလို‌သည့်ရည်ရွယ်ချက်နှင့် ထူးချွန်ထက်မြက်သည့် ရခိုင့်စာပေပညာရှင်များပေါ်ပေါက်လာစေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပသောပွဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ