Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၈ ကြိမ်မြောက် မရမာကြီး အမျိုးသားနေ့ကို မေလ ၃ ရက်နေ့ ကျောက်ဖြူတွင် ကျင်းပမည်

၈ ကြိမ်မြောက် မရမာကြီး အမျိုးသားနေ့ကို မေလ ၃ ရက်နေ့ ကျောက်ဖြူတွင် ကျင်းပမည်

ABN-နွယ်စိုး

ရခိုင်ပြည် ကျောက်ဖြူမြို့တွင် ၈ ကြိမ်မြောက် မရမာကြီးအမျိူသားနေ့အခမ်းအနားကို မေလ ၃ ရက်နေ့ ကျင်းပပြုလုပ်သွားမည် ဟု သိရသည်။

ထို မရာမာကြီးအမျိုးသားနေ့ အခမ်းအနားကို ကျောက်ဖြူမြို့ ၊အရာရှိရပ်ကွက်၊ အဝေးပြေး ကားဂိတ်အနီးက မရမာကြီးရတနာ့ဗိမာန် ကျောင်းတိုက်တွင် လာမည့် မေလ ၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း မရမာကြီးလူမျိုးစုခေါင်းဆောင် ဥက္ကဌ ဦးမောင်နုက ပြောသည်။

အမျိုးဘာသာ သာသနာကို မပျောက်ကွယ်စေရန်နှင့် လူမျိုးတစ်မျိုးအနေဖြင့် အမျိုးသားနေ့တစ်နေ့ သတ်မှတ်ထားသည်ကို သိရှိရန်လိုအပ်ပြီး နောင်လာနောင်သားများအနေများနှင့် မျိုးဆက်သစ်လူငယ်များအတွက် လက်ဆင်းကမ်းချင်စေလိုသော ကြောင့် ပွဲကျင်းပရခြင်းဖြစ်ကြောင်း မရမာကြီး စာပေနှင့် လူမျိုးစုခေါင်းဆောင် ဥက္ကဌ ဦးမောင်နု က ပြောကြားသည်။

‘’ကျင်းပတာကတော့ နောင်လာနောင်သားတွေကို လက်ဆက်ကမ်းပေးချင်လိုပါ။ နောက်ပြီး အခုလိုအမျိုးသားနေ့ကို ငါတို့မရှိတဲ့အခါ ဆက်လက်ပြီး လုပ်စေချင်ပါတယ်။ မျိုးဆက်သစ်များအတွက် အမွေပေးချင်တဲ့ စိတ်နဲ့ပါ။ ဒီလိုအမျိုးသားနေ့ကို ကျင်းပဖို့ လိုအပ်ပါတယ်။ မရမာကြီးအမျိုးသားနေ့ကိုလည်း မပျောက်ကွယ်စေချင်တာကြောင့် ကျင်းပရတာဖြစ်ပါတယ်” ဟုပြောသည်။

ထို့အခမ်းအနားပွဲတွင် ရှိုးပွဲ၊ မရမာကြီးတိုင်းရင်းသူ ၊တိုင်းရင်းများ ကပြဖျော်ဖြေမှုများ၊ မရမာကြီး သမိုင်းကြောင်း ပြသခြင်းများ၊ တိုင်းရင်းသား‌ပေါင်းစုံတို့၏ ဝတ်စားဆင်ရင်မှုများကိုလည် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုအမျိုးသားနေ့ကို ရခိုင်ပြည် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ရခိုင်မျိုးနွယ်စုဝင်များ အားလုံးကို ဖိတ်ကြားထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။