Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၇ ရက်တစ်ပတ်အတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော ၉ စီးကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် ထုတ်ပြန်

၇ ရက်တစ်ပတ်အတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော ၉ စီးကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် ထုတ်ပြန်

Arakan Bay News-ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄

သတင်းအပြည့်အစုံကို ရက္ခိုင့်တပ်တော် ထုတ်ပြန်ချက်မူရင်းအတိုင်းဖော်ပြပေးလိုက်သည်။

ရေကြောင်းတိုက်ပွဲသတင်း

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်နေ့များတွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ ရန်သူစစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့အား ရက္ခိုင့်တပ်တော်မှ အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး အဆိုပါ သင်္ဘော (၃) စီးစလုံး မီးလောင်ပျက်စီးကာ ရေထဲနစ်မြုပ်သွားအောင် ပြုလုပ်နိုင်ခဲ့သည်။ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်လည်း မင်းပြားမြို့နယ်၊ ပုလဲပေါက် ကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ မြစ်ကြောင်းတစ်လျှောက်ကျေးရွာများကို လက်နက်ကြီးများဖြင့် နှစ်ရှည်လများ ပစ်ခတ်ဒုက္ခပေးနေသော စစ်ကောင်စီ၏ စစ်သင်္ဘော (၁) စီးအား ရက္ခိုင့်တပ်တော်မှ ထပ်မံ၍ တိုက်ခိုက်နိုင်ခဲ့သည်။

ထို့အပြင် ယနေ့  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင်လည်း မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော နောက်ထပ် (၁) စီးကိုလည်း ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ဖေဖော်ဝါရီ (၇) ရက်မှ (၁၃) ရက်အထိ၊ ခြောက်ရက်တာ ရေကြောင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စီး နှင့် ဇက်သင်္ဘော (၂)  စီး စုစုပေါင်း (၅) စီးအား ရက္ခိုင့်တပ်တော်မှ တိုက်ခိုက် ချေမှုန်းနိုင်သည်။ ထို့အတူ မိမိတို့စာရင်းများအရ အခြားသော (၄) စီးမှာလည်း ရေချ၍ မရနိုင်သည်အထိ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

Website
www.arakanbaynews.com   
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ