Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၇ ကြိမ်မြောက် မြိုအမျိုးသားနေ့ အခမ်းအနားကို ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျင်းပမည်

၇ ကြိမ်မြောက် မြိုအမျိုးသားနေ့ အခမ်းအနားကို ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျင်းပမည်

ABN-ရာဟု

ရခိုင်မျိုးနွယ်စုဝင် မြိုလူမျိုးများ၏ ၇ကြိမ်မြောက် မြိုအမျိုးသားနေ့အခမ်းအနားကို ကဆုန်လဆန်း ၇ရက် နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ကြံတိုင်းကျေးရွာတွင် ကျင်းပပြုလုပ်သွားမည်ဟု ပွဲကျင်ပရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ်ကျင်းပမည့် မြိုအမျိုးသားနေ့အခမ်းအနားကို ဧပြီလ၂၄ နှင့် ၂၅ရက် ၂ရက်တိုင်တိုင်ကျင်းပမည်ဖြစ်သည်။

၂၄ရက်နေ့ ညနေပိုင်းတွင် ရခိုင်ရိုးရာ ၊မြိုရိုးရာ၊ဒိုင်းနက်ရိုးရာ၊ ခမီရိုးရာ နှင့်သက်ရိုးရာ စသည့် တိုင်ရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေသွားမည်ဟု သိရသည်။

၂၅ရက်နေ့မနက်ပိုင်းတွင် မြိုအမျိုးသားနေ့အခမ်းအနားပွဲကိုကျင်းပမှာဖြစ်ပြီး အသိပညာရှင်အတတ်ပညာရှင်များက ရိုးရာဓလေ့များအကြောင်းကို ဟောပြောပွဲများပါဝင်မည်ဟု မြိုအမျိုးသားစာပေနှင့်ရိုးရာယဥ်ကျေးမှုအသင်း ဥက္ကဌဦးဇနီအောင်က ပြောသည်။

“ကျနော်တို့က အခမ်းအနားကို ၂ရက်ကျင်းပမယ် ၊ပထမနေ့ညမှာ တိုင်းရင်းသားရိုးရာဓလေ့အကတွေနဲ့ဖျော်ဖြေမယ်၊ မြိုအမျိုးသားနေ့အခမ်းအနားကို ဒုတိယနေ့ မနက်ပိုင်းမှာ ကျင်းပမယ်” ဟု ပြောသည်။

မြိုအမျိုးသားနေ့မှာ နှစ်စဥ် ကဆုန်လဆန်း ၇ရက်နေ့ဖြစ်ပြီး စတင်ကျင်းပလာသည်မှာ ၇ ကြိမ်မြောက်အထိရှိလာပြီဖြစ်ကြောင်းသိရသည်။

ရခိုင်မျိုးနွယ်စုဝင်ဖြစ်သည့် မြိုလူမျိုးများမှာရခိုင်ပြည်အနှံအပြားတွင်နေထိုင်ပြီး မြိုစာပေနှင့်လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့်ယဥ်ကျေးမှုမြင့်မားရေးတို့အတွက် မြိုအမျိုးသားနေ့ကို နှစ်စဥ်ကျင်းပကြောင်း ပြောသည်။

ပြီးခဲ့သည့်နှစ်က ပြုလုပ်သည့် ၆ကြိမ်မြောက်မျိုအမျိုးသားနေ့ကို မောင်တောမြို့ သုံးမိုင်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်ဟုသိရသည်။

မြိုတိုင်းရင်းသားများသည် ရခိုင်ပြည်နယ်အနှံ့နေထိုင်ပြီး လူဦးရေ၃၀,၀၀၀ ကျော်ခန့်ရှိကာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် အများဆုံးနေထိုင်ကြသည်ဟု သိရသည်။

ဓာတ်ပုံ-DMG

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ