Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၅၄၀ တပ်ရင်းက မြောက်ဦးနန်းရာကုန်းကို လက်နက်ကြီးဖြင့် ၆ ကြိမ်တိုင်တိုင် ပစ်ခတ်၊ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ဟု ညီနောင် ၃ ဖွဲ ထုတ်ပြန်

AB News – ဇန်နဝါရီ ၁၁၊ ၂၀၂၄

ရက္ခိုင်လူမျိုး၏အသည်းနှလုံးဟု တင်စားကြသည့် မြောက်ဦးနန်းရာကုန်းကို စကစ အဖွဲက လက်နက်ကြီးဖြင့် ၆ ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့ကြောင်း ညီနောင် ၃ ဖွဲက ယမန်နေ့ ၁ နာရီ ၄၃ မိနစ်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ရက္ခိုင်ပြည်၊ မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၄၀ တပ်ရင်းမှ ယနေ့၊ နံနက် ၁၁ နာရီခွဲအချိန်၌ ရက္ခိုင်ရှေးဟောင်းနန်းမြိုတော် မြောက်ဦးမြိုအား လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြန်သည်။

ထိုသိုပစ်ခတ်ရာတွင် စစ်ကောင်စီသည် မြောက်ဦးယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ် (World Heritage) စာရင်းဝင်ရန် အဆိုပြုထားသည်ကို သိပါလျက် ရက္ခိုင်လူမျိုးတို၏ အသည်းနှလုံးဟုတင်စားကြသည့် မြောက်ဦးနန်းတော်ရာကုန်းကို လက်နက်ကြီးဖြင့် (၆) ကြိမ်တိုင်တိုင် တမင်တကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤသည်မှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား  ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကိုကျူးလွန်ခြင်းပင်ဖြစ်ကြောင်း မြောက်ပိုင်း ၃ ဖွဲကဆိုသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲက ရက္ခိုင်လူမျိုးများအား ဖမ်းဆီးပြီး သတ်ဖြတ်လာသည်သာမက ရက္ခိုင်လူမျိုးများ၏ ရေသောက်မြစ်ကြီးဟု တင်စားရလောက်သည့် သမိုင်းဝင် အမွေအနှစ်များကို ပျောက်ကွယ်သွားစေချင်သည့် ဆင်ခြင်တုံတရားကင်းမဲ့သောစိတ်ဖြင့် ရည်ရွယ်ချက်ရှိရှိဖျက်ဆီးလာကြောင်း တွေ့ရသည်။

စစ်၏အရှုးကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်နေရသည့် စစ်ရှုးကောင် စစ်ကောင်စီသည် အရပ်သားပြည်သူများ၊ အဆောက်အအုံများနှင့် ရှေးဟောင်းသမိုင်းဝင်နေရာများကိုပါ အငြိုးအတေးကြီးစွာဖြင့် မိုက်ရူးရဲဆန်စွာ စစ်ရေးတုံပြန်မှုများ ဆောင်ရွက်ခဲ့ပြီး စစ်ရာဇဝတ်မှုများကိုပါ မထူးဇာတ်ခင်းသည့်အနေဖြင့် ဆက်လက်ကျူးလွန်လျက်ရှိကြောင်း ညီနောင် ၃ ဖွဲကဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ရက်နေ့ နံနက် ၅နာရီကျော်အချိန်မှာ စစ်ကောင်စီအဖွဲက မြောက်ဦးမြို နန်းရာကုန်းပေါ်မှာတည်ရှိတဲ့ ‌ရက္ခိုင်တို၏ နှလုံးသားဖြစ်သော ရှေး‌ဟောင်းယဉ်ကျေးမှုသုတေသနပြတိုက်ကို လက်နက်ကြီများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရက္ခိုင့်ဘုရင့်နိုင်ငံကာလတုန်းက အသုံးပြုခဲ့သေယ နန်းတွင်းအသုံးအဆောင်ပစ္စည်းများ၊ သမိုင်းမှတ်တမ်း‌ ကျောက်စာတိုင်များ၊ ရှေးဟောင်းလက်နက်များ၊ ‌ရှေ့ဟောင်းရွှေဒင်္ဂါးပြားများ၊ ရှေးခေတ်ကျောက်ဆစ်လက်ရာများနှင့် ကြေး ထည်အများအပြား ပျက်စီးဆုံးရှုးခဲ့ရသည်။

ရက္ခိုင်ပြည်သူများကို နှစ်ရှည်လများဒုက္ခပေးနေသည့် မြောက်ဦးအခြေစိုက် ၅၄၀ တပ်ရင်းကို ပြတ်ပြတ်သားသား လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်းလည်း AA က ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ