Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားရသော ကျောက်တော်ဒေသခံ ၂ဦးကို ထောင်ဒဏ် ၂နှစ်ချမှတ်

၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားရသော ကျောက်တော်ဒေသခံ ၂ဦးကို ထောင်ဒဏ် ၂နှစ်ချမှတ်

ABN-ရှိုင်းမိုး

စက်တင်ဘာ ၁၅ရက်

ရခိုင်ပြည် ကျောက်တော်မြို့နယ် တရားရုံးတွင် ရာဇတ်သတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် အမှုရင်ဆိုင်နေရသော ကျောက်တော်ဒေသခံ ၂ဦးကို ထောင်ဒဏ် ၂နှစ်ချမှတ် လိုက်သည်ဟုသိရသည်။

ထိုသေခံ၂ဦးမှာ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်နှင့် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်တို့ဖြစ်ကြောင်းသိရသည်။

ထို ၂ဦးကို ယနေ့ နံနက် ၁၀ ကျော်အချိန်က ကျောက်တော်မြို့နယ် စစ်ကောင်စီတရားရုံးမှ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ကြောင်း ကိုဇော်မိုးထက်ဖခင်ဖြစ်သူက ပြောသည်။

“ဒီနေ့အမိန့်ချပါတယ်၊ ထောင်ဒဏ် ၂နှစ်သတ်မှတ်ပါတယ်” ဟုဆိုသည်။

ထို ၂ဦးကို ထောင်ဒဏ် ၂နှစ်ချမှတ်ခံရသော်လည်း အမှုရင်ဆိုင်နေရသည်အချိန်မှာ ၁နှစ် နှင့် ၄လရှိသည့်အတွက် ထို၂ဦးသည် ၆ လခန့်သာ ထောင်ကျမည်ဟု တရားသူကြီးမှပြောကြားလိုက်သည်ဟု ကြားနာခဲ့သူတစ်ဦးကပြောသည်။

“သူတို့ ၂နှစ်ချတယ်၊ ဒါပေမယ့် တရားသူကြီးက ၆လခန့်ကျမယ်လို့ပြောပါတယ်၊ ဘာလို့ဆိုရင် သူတို့အမှုရင်ဆိုင်နေရတာက ၁နှစ်ကျော်နေပြီ၊ အပြစ်ရှိသည် မရှိသည်၊ သူတို့စွပ်စွဲရင်ပြေးမလွတ်ပါဘူး” ဟုဆိုသည်။

အခုလို အမိန့်ချမှတ်လိုက်ခြင်းသည် အဆိုးထဲက အကောင်းဖြစ်သောကြောင့် အမှုရင်ဆိုင်နေရတာထက်စာရင် ပိုပြီးအဆင်ပြေသွားသည်ဟု ကိုဇော်မိုးထက်ဖခင်က ဆက်ပြောသည်။

“ဘာပဲဖြစ်ဖြစ် ဒါကို အဆိုးထဲက အကောင်းအဖြစ်သတ်မှတ်ပါတယ်၊ ဘာလို့ဆိုရင် ပိုက်ဆံလည်းတအားကုန်နေပြီ၊ အမှုရင်ဆိုင်နေရတာထက်စာရင် ပိုကောင်းတယ်လို့ပဲသတ်မှတ်ပါတယ်” ဟုဆိုသည်။

ကိုဇော်မိုးထက်မှာ အိမ်ထောင်ရှိပြီး သမီးမိန်ကလေးတစ်ဦးရှိကြောင်းသိရသည်။

အမိန့်ချမှတ်ခံလိုက်ရသူ ၂ဦးသည် ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲကာလအတွင်းက ကျောက်တော်တပ်မတွင် AAနဲ့ဆက်စပ်သံသယဖြင့်ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။

ထိုဒေသခံ ၂ဦးနှင့်အတူ အမှုရင်ဆိုင်နေရသည့် လူထုဇော်ဝင်းကို စက်တင်ဘာလ ၂၆ရက်နေ့တွင်ရုံးချိန်ထားသည်။

စက်တင်ဘာလ ၁၃ရက်နေ့ကလည်း AAဆက်စပ်၍စွပ်စွဲဖမ်းဆီးခံထားရသော အမ်းမြို့မှ ဥက္ကဌ ဦးအောင်တင်မြင့်ကို အမ်းမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်သည်။

စက်တင်ဘာလ ၁၁ရက်နေ့ကလည်း AAနဲ့ဆက်စပ်သံသယဖြင့်ဖမ်းဆီးထားသော စစ်တွေဒေသခံ ၂ဦးကို စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်သည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ အပစ်ခတ်ရပ်စဲခဲ့သည့်အချိန်က စစ်ကောင်စီမှ AAနဲ့ဆက်စပ်ဖမ်းဆီးထားသူများကို လွှတ်ပေးမည်ဟုကတိကဝတ်ပေးထားသော်လည်း လက်ရှိတွင် ထောင်ချနေသည်ကိုတွေ့မြင်နေရသည်။

AAနဲ့ဆက်စပ်၍စွပ်စွဲဖမ်းဆီးခံထားရသော ဒေသခံတချို့သည်လည်း စစ်ကောင်စီ၏အချုပ်​အသီးသီးတွင် လူပေါင်း ၁၀၀ ကျော်ကျန်ရှိနေသေးသည်ဟုသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ