Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၅၀၅ (က)ဖြင့် တရားစွဲဆိုခံထားရသည့် လူထုဇော်ဝင်းအား လာမည့် ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

ABN- ရှိုင်းမိုး

စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ၅၀၅ (က)ဖြင့် တရားစွဲခံထားရသည့် လူထုဇော်ဝင်းနှင့် နောက်ထပ် ၂ ဦးကို ယမန်နေ့ နေ့လည်က ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့အမှုကို လာမည့် ဇန်နဝါရီလ ၂၄ ရက်နေ့တွင်အပြီးသတ်အမိန့်ချသွားမည်​ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲခံရသူများမှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ ကိုဇော်ဝင်း (ခ) လူထုဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတောင်ရွာမှ ဦးကျော်သန်းမောင်နှင့် ဦးဇော်မိုးထက်တို့ဖြစ်သည်။

လူထုဇော်ဝင်းအပါဝင် နောက်ထပ် ၂ ဦးကို ကျောက်တော်မြို့မ ရဲစခန်းတွင် ယနေ့ ၁၀ ကြိမ်‌မြောက်ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ တရားလို ၇ ကြိမ်ထိ ရုံးချိန်း တက်ရောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

“ စစ်ကောင်စီဖက်က တရားလိုမရောက်လို့ ရုံးချိန် ၇ ကြိမ်ပျက်ကွက်ခဲ့ပါတယ်၊ ရုံးတတ်တာ စုစုပေါင်း ၁၀ ကြိမ်ရှိပါပြီ၊ သူတို့ဖက်က တရားလိုရောက်တာ ၃ ကြိမ်ပဲရှိပါ‌သေးတယ်၊ အပြီးသတ်အမိန့်ကိုတော့လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အမိန့်ချမယ်လို့ပြောပါတယ်” ဟု သတင်းအရင်းမြစ်မှသိရသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရလျှင် ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ်ပါကျခံရနိုင်သည်။

၅၀၅ (က)ဖြင့် တရားစွဲဆိုခံထားရသည့် လူထုဇော်ဝင်းအား လာမည့် ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ