Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၃၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့် ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၂ တပ်ရင်းကို ရက္ခိုင့်တပ်တော်အပြီးသတ်သိမ်းပိုက်

၃၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့် ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၂ တပ်ရင်းကို ရက္ခိုင့်တပ်တော်အပြီးသတ်သိမ်းပိုက်

AB News – မတ်လ၂၇၊ ၂၀၂၄

၃၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့် ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၅၂ တပ်ရင်းကို ရက္ခိုင့်တပ်တော်အပြီးသတ်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ယနေ့မတ်လ ၂၇ ရက်နေ့တွင်ထုတ်ပြန်လိုက်သည်။

စကခ ( ၁၅) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၂ တပ်ရင်းအား ရက္ခိုင့်တပ်တော်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နံနက် ၈ နာရီ ၃၅ မိနစ်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆိုသည်။

ထုတ်ပြန်ချက်တွင် ” ခမရ (၅၅၂) စခန်းအား စစ်ကောင်စီ၏ ကြည်း၊ လေ အပြင်းအထန်ခုခံကာကွယ်မှုကြားထဲမှ ရက်ပေါင်း (၃၂) ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသည့်နောက် မတ်လ (၂၅) ရက်နေ့၊ နေ့လယ် (၁၂) နာရီအချိန်တွင် အဆိုပါစခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့​ကြောင်း AA ကဆိုသည်။

ထို့အတူ ရက္ခိုင့်တပ်တော်မှ တစ်လနီးပါး ဝိုင်းရံပိတ်ဆို့ထားနိုင်ခဲ့ပြီးနောက် အတိုင်းအတာတစ်ခုထိ သိမ်းပိုက်ရယူထားပြီဖြစ်သော ရက္ခိုင်ပြည်၊ မောင်တောမြို့ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ်ရယူနိုင်ရေးအတွက် ထိုးစစ်ကို ဆက်လက်အရှိန်အဟုန်မြှင့်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရက္ခိုင်ပြည်၊ မောင်တောမြို့ရှိ တမန်းသား ရဲကင်းစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် အဆိုပါစခန်းမှ အင်အား (၁၀၀) ခန့် ပါဝင်သောတပ်ဖွဲ့ဝင်များသည် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အလူးအလဲခံခဲ့ရပြီး နောက်တွင် ရက္ခိုင့်တပ်တော်ထံ လက်နက်ချခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် လက်နက်ချ အညံ့မခံသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တစ်ယောက်မကျန် လိုက်လံချေမှုန်းလျက်ရှိကြောင်း သိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ