Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၃နှစ်အရွယ် မိန်းခလေးတစ်ဦးအပါဝင် အစ်မဖြစ်သူနှင့် အမေတို့အပါ ရေနစ်သေဆုံးမှု ကျောက်ဖြူတွင်ဖြစ်ပွားခဲ့

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ကုလားဘာရွာတွင် ၃ နှစ်အရွယ်မိန်းခလေးတစ်ဦးအပါအဝင် သူ၏အစ်မဖြစ်သူနှင့် မိခင်ဖြစ်သူတို့ ၃ ဦးစလုံးမှာ ယမန်နေ့က ရေနစ်သေဆုံးခဲ့ရကြောင်း သိရသည်။

အသက် ၃ နှစ်အရွယ်ဖြစ်သည့် မစုမြတ်နှင်း၊ အသက် ၁၆ နှစ်ရှိပြီဖြစ်သည့် ကိုးတန်းကျောင်းသူ မစုမြတ်လှိုင်နှင့် ၃၈ နှစ်အရွယ် မိခင် ဒေါ်မဖြူတို့မှာ ယမန်နေ့ နေ့လည် ၃နာရီခန့်က သူတို့၏ ယာခင်းအနီးရှိ စမ်းချောင်းတွင် ရေနစ်သေဆုံးနေသည်ကို တွေခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သူတို့၏ ဥယာဥ်ခင်းမှာ ကုလားဘာရွာနှင့် တစ်ဖာလုံကျော်သာဝေးကြောင်းနှင့် ထိုဥယာဥ်ခင်းသို့ နေ့စဉ်အလုပ်သွားလုပ်ကြလျက်ရှိရာ ယခုကဲ့သို့ ရုတ်တရက် ဖြစ်သွားရခြင်းဖြစ်သည်ဟု သိရပြီး မစုမြတ်နှင်းနှင့် မစုမြတ်လှိုင်တို့၏ ဖခင်ဖြစ်သူမှာလည်း ဇနီးနှင့် သမီးနှစ်ဦးသေဆုံးခဲ့ရသည့်အတွက် ယူကြုံးမရဖြစ်နေရကြောင်း ရွာသားများ၏ ပြောဆိုချက်အရသိရသည်။

ရေနစ်သေဆုံးခဲ့ရသည့် သားအမိ ၃ ဦးစလုံး၏ အလောင်းများအား ရေနစ်သေဆုံးခဲ့သည့် ယမန် နေ့က ညတွင်းချင်းပင် သင်္ဂြုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း မင်းပြားမြို့နယ် ဂြမ်းမကမ်းထောင့်ရွာမှ စိတ်ဝေဒနာခံစားနေရသည့် အသက် ၃၂နှစ်အရွယ် ဒေါ် မရွှေတင်မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့မှစ၍ ရွာမှပျောက်သွားကာ ဒီဇင်ဘာလ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် မြေပုံမြို့နယ် အရှေဘက်မြစ်ကမ်းတွင် ရေနစ်သေဆုံးကာသောင်တင်လျက်တွေ့ရှိရပြီး ယင်းနေ့တွင်ပင် မြေမြှုပ်သင်္ဂြိုလ်လိုက်ကြောင်းသိရသည်။

Photo credit-DMG

၃နှစ်အရွယ် မိန်းခလေးတစ်ဦးအပါဝင် အစ်မဖြစ်သူနှင့် အမေတို့အပါ ရေနစ်သေဆုံးမှု ကျောက်ဖြူတွင်ဖြစ်ပွားခဲ့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ