Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့၊ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့၊ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၀၀) နာရီ (၂၁) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ ပေါက်တော မြို့မရဲစခန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရယူထားနိုင်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးတချို့ နှင့် စစ်ဘက်၊ ရဲဘက်ဆိုင်ရာ စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့သည်။

လက်နက်ချအညံ့ခံသောသူများကို အသက်ချမ်းသာပေးပြီးနောက် တစ်ယောက်စီအား ခရီးစရိတ် (၁၀) သိန်းစီပေးပြီး ၎င်းတို့သွားလိုရာသို့ လုံခြုံစွာပို့ထားပြီးဖြစ်သည်။

စစ်ကောင်စီဘက်မှ နေ့လယ်ပိုင်းတွင် ဟတ်စကီး (၁) စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်သကဲ့သို့ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပေါက်တောမြို့နှင့် နေရာအနှံ့အပြားသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီသည် ညနေပိုင်းတွင် ပေါက်တောမြို့အတွင်းသို့ ဝင်ရောက်ကာ အရပ်သားများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည်။ စစ်ကောင်စီပစ်သတ်၍ သေဆုံးခဲ့ရသော ပေါက်တောမြို့မှ အရပ်သားပြည်သူများအတွက် များစွာဝမ်းနည်းရပြီး အဆိုပါကိစ္စအား ကျူးလွန်သောသူများကို မိမိတို့ အနေဖြင့် လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်သည်။

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာနေရာယူထားသော “တရွန်အိုင်ဗျူဟာ”နှင့် “နှုံးဘူးဗျူဟာ” အထိုင်ချ ဗျူဟာတပ်စခန်းနှစ်ခုအား ရက္ခိုင့်တပ်တော်မှ မိုးသည်းထန်စွာ ရွာသွန်းမှုအောက်တွင် တတိယနေ့အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၁၀) နာရီခန့်တွင် မောင်တောမြို့နယ်အတွင်းရှိ “ဒုံးညို” စခန်းကိုလည်း လက်နက်ချအညံ့မခံသောကြောင့် မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ရန်သူသည် ဂျက်တိုက်လေယာဉ် (၁) တစ်စီးဖြင့် နေ့လယ် (၁၂) နာရီ (၂၀) မိနစ်မှစတင်ပြီး သုံးကြိမ်တိုင် လှည့်ပတ်တိုက်ခိုက်ခဲ့သည်။

ရက္ခိုင့်တပ်တော်သည် နိုဝင်ဘာလ (၁၆) ရက်၊ တစ်နေ့တည်းတွင် “တရွန်အိုင်ဗျူဟာ”၊ “နှုံးဘူးဗျူဟာ” နှင့် “ဒုံးညို” စခန်းတို့အား နေရာ (၃) နေရာ၌ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ