Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၂၀၂၃ ခုနှစ်တွင် ULA/AA၏ ပထမအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

ABN- ရှိုင်းမိုး

ULA/AA ၏ ၇ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၂၇ရက်နေ့၊ တနင်္လာနေ့ နံနက် ၁၀ နာရီအချိန်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်းဌာနများမှ သတင်းထောက်များအနေဖြင့် မေးခွန်းမေးမြန်းလိုပါက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉နာရီကို နောက်ဆုံးထား၍ မေးလိုသည့် မေးခွန်းများကို ဤ press.ula.aa@protonmail.com သို့ပေးပို့ရမည်ဖြစ်ကြောင်း ပါရှိသည်။

အချိန်ကျော်လွန်ပြီးမှ ပေးပို့လာသောသတင်းထောက်များ၏ မေးခွန်းများကို လက်ခံဖြေကြား​ပေးမည် မဟုတ်သည့်အတွက်ကြောင့် ကြိုတင်၍ မေးခွန်းများကို ပေးပို့ရန် လိုအပ်ကြောင်းနှင့် သတင်းသမား တယောက်ကို ကြိုတင်မေးခွန်း (၂) နှင့် ထပ်ဆင့်မေးခွန်း(၁)ခုသာ မေးခွင့်ပြုမည်ဖြစ်ကြောင်း ULA/AA ၏ ကြောညာချက်၌ ဖော်ပြပါရှိသည်။

၂၀၂၃ ခုနှစ်တွင် ULA/AA၏ ပထမအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ