Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၂လ ကျော်ကြာဖမ်းဆီးခံခဲ့ရသည့် မအေးမြစန္ဒာပြန်လည်လွတ်မြောက်လာ

မောင်တော ကြိမ်ချောင်းစစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် မအေးမြစန္ဒာနှင့် ကယ်ရီသမား မောင်မောင်ကျော်တို့ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းသိရသည်။

၂၀၂၂ နိုဝင်ဘာလ ၁ ရက်နေ့တွင် မောင်တော ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် မအေးမြစန္ဒာနှင့် ကယ်ရီသမား မောင်မောင်ကျော်တို့ ယနေ့ ၁ နာရီကျော်လောက်အချိန်တွင်ပြန်လည်လွတ်မြောက်လာသည်ဟု မအေးမြစန္ဒာ၏ အမေကပြောသည်။

” ဒီနေ့ နေလယ် ၁ နာရီကျာ်လောက်ကဖုန်းဆက်လာပါတယ်၊ သူပြန်လွတ်မြောက်လာတဲ့အကြောင်းပြောပါတယ်၊ တခြားတော့မပြောပါဘူး” ဟုပြောသည်။

၂လာကျော်ကြာဖမ်းဆီးခံခဲ့ရသည့် မအေးမြစန္ဒာကို ဒီဇင်ဘာလ ၅ရက်နေ့က ရုံးထုတ်စစ်ဆေးမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း စစ်ဆေးခြင်းတစုံတစ်ရာမရှိဘဲ ယနေ့ ဇန်နဝါရီလ ၁ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

၂လ ကျော်ကြာဖမ်းဆီးခံခဲ့ရသည့် မအေးမြစန္ဒာပြန်လည်လွတ်မြောက်လာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ