Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၁ ရက်ကြာပျောက်ဆုံးနေသော မူဆလင်အမျိုးသား ၁ ဦးအား ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိ

AB News – ဇန်နဝါရီ ၅ ၊ ၂၀၂၄

ရက္ခိုင်ပြည် မောင်တောမြိုနယ် သီဟိုကျွန်းရွာမှ ၁ ရက်ကြာပျောက်ဆုံးနေသော မူဆလင်အမျိုးသား ၁ ဦးကို ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ သီဟိုကျွန်း မူဆလင် ရွာမှ  အဖ ဇော်ဖားဟာမောက်၏သား အသက် ၄၆ နှစ်အရွယ် ဟာရူရော်ရှိန်း ဖြစ်သည်။

ဖြစ်စဥ်မှာ ၎င်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင် နွားအ ရောင်းအဝယ်ပြုလုပ်ထားသော ပန်းတောပြင်ရွာမှ အဖ အဒူမာလေး၏သား အသက် ၂၈ နှစ်အရွယ် အာကျီမူလာဆီက ငွေကျပ် ၃၆ သိန်းသွားတောင်းစဥ် ၎င်း၏လုပ်ကြံခြင်းကိုခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ယင်းရွာမှ နွားကျောင်းသားအချိုသည်  နွားကျောင်းသွားစဥ် ပန်းတောပြင်ရွာနှင့် ညောင်ချောင်းရွာကြားတွင် ခန္ဓာကိုယ်အနှံ၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေသော ဟာရူရော်ရှိန်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ရပ်ရွာဥက္ကဋ္ဌ အာယာဒူလ ထံသို သတင်းပေးပိုခဲ့သည်ဟုသိရသည်။

ဥက္ကဌနှင့် ရွာသားများသည် အာကျီမူလာအား မသင်္ခါသဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ပန်းတောပြင်ရဲစခန်းသို အပ်နှံခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူ၏ ဦးခေါင်း၌ ဓားခုတ်ဒဏ်ရာ ၆ ချက်ခန့်ရှိနိုင်ပြီး နောက်ကျောတွင် ၄ ချက်ခန့်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ