Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၁၇ (၁) ဖြင့် တရားစွဲခံထားရသည့် ကျောက်‌တော်မှ စစ်ဘေးရှောင်အမှု ၉ကြိမ်မြောက်ရုံးထုတ်၊ တရားလိုထပ်မံပျက်ကွက်

ABN- ရှိုင်းမိုး

ကျောက်တော်မြို့မှ ရဲစခန်းတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ ( ၁ ) ဖြင့် တရားစွဲဆိုခံထားရသည့် စစ်ဘေးရှောင်တစ်ဦး၏အမှု စစ်ကောင်စီတပ်တရားလိုမရောက်၍ စစ်ဆေးမှု မပြုလုပ်နိုင်ဘဲ ရုံးချိန်း ထပ်မံ ရွှေ့လိုက်ရကြောင်း သိရသည်။

ဦးကျော်ဟိန်းမှာ ကျောက်တော်မြို့ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှဖြစ်ပြီး ဇန်နဝါရီလ ၈ ရက်နေ့ ၁၁ နာရီခွဲအချိန်တွင် ကျောက်‌တော်မြို့နယ်တရားရုံးတွင် ၉ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖက်မှ တရားလိုရောက်မလာ၍ ဖေဖော်ဝါရီလ ၂၂ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း ဇနီးဖြစ်သူက ပြောသည်။

“ရုံးချိန်းပေမယ့်လည်း ဘာမှထူးခြားမှုမရှိပါဘူး၊ သူတို့ဖက်က တရားလိုမရောက်ပါဘူး၊ ရုံးချိန်ရင်လည်း သူတို့ဖက်က တရားလိုမရောက်လိုဘဲ အချိန်ကုန်ပါတယ်၊ ကျွန်မတို့ဘာပြောရမှန်း မသိတော့ဘူး၊ ဒီတိုင်းဘဲ ဆက်သွားနေလို့အဆင်မပြေပါဘူး၊ ပြီးတော့ ကျွန်မတို့က စစ်ဘေးရှောင်တွေပါ” ဟု ဦးကျော်ဟိန်းဇနီးမှ ပြောသည်။

ဦးကျောက်ဟိန်းသည် ကျောက်တော်မြို့နယ် မီးဝရွာမှ ဖြစ်ပြီး၊ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ မီးဝရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းတွင် လာရောက်စစ်ဘေးရှောင် နေကြသူများဖြစ်သည်။

ဦးကျော်ဟိန်းသည် ၂၀၂၂ ခုနှစ် ဇွန်လိုင်လ ၁၉ရက်နေ့ ည ၈နာရီကျော်အချိန်တွင် ကံကြီးရှင်စစ်ဘေးရှောင်စခန်းမှ လူနာအား ဆေးကုသပေးပြီး ကဝိရတနာ စစ်ဘေးရှောင်စခန်းသို့ အပြန်လမ်းတွင် ‌စစ်ကောင်စီတပ်က ၎င်းအားညဖမ်းဆီးခဲ့​ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ၏ ပြောပြချက်အရ သိရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်သည် ရခိုင်ပြည်မှ အပြစ်မဲ့အရပ်သား ၂၀၀ ကျော်ကို AAနဲ့ ဆက်စပ်သံသယဖြင့်ဖမ်းဆီးခဲ့ပြီး၊ ထိုဖမ်းဆီးခံထားရသူများထဲမှာ ၈၀ ခန့်ကိုသာပြန်လွှတ်ပေးခဲ့ပြီး ကျန်ရှိနေခဲ့သူများမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နှင့် စစ်ပုန်ကန်မှုပုဒ်မတို့ဖြင့် စစ်ကောင်စီဖက်မှ တရားလိုလုပ်၍ တရားစွဲဆိုထားသည့်အတွက်ကြောင့် အမှုရင်ဆိုင်နေကြရသည်။

၁၇ (၁) ဖြင့် တရားစွဲခံထားရသည့် ကျောက်‌တော်မှ စစ်ဘေးရှောင်အမှု ၉ကြိမ်မြောက်ရုံးထုတ်၊ တရားလိုထပ်မံပျက်ကွက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ