Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၁၄နှစ်မြောက် ရက္ခိုင့်တပ်တော်မွေးနေ့သို့ ဧရာဝတီလူငယ်များသမဂ္ဂ (AYU)မှ ၀မ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

၁၄နှစ်မြောက် ရက္ခိုင့်တပ်တော်မွေးနေ့သို့ ဧရာဝတီလူငယ်များသမဂ္ဂ (AYU)မှ ၀မ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ABN-ရာဟု

၁၄နှစ်မြောက် ရက္ခိုင့်တပ်တော် တပ်တော်မွေးနေ့သို့ ဧရာ၀တီလူငယ်များသမဂ္ဂ (AYU)က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ထားသည်ကိုတွေ့ရသည်။

AYUက ပေးပို့သည့်သဝဏ်လွှာထဲတွင်မြန်မာပြည် စစ်အာဏာရှင်အမြစ်ပြတ်ဆန့်ကျင်ရေးတွင်လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ရက္ခိုင့်တပ်တော် ULA/AAက ကျောင်းသားလူငယ်များနှင့်တော်လှန်ရေးအင်အားစုများအပေါ် ကူညီထောက်ပံ့နေသည့် တော်လှန်ရေးမဟာမိတ်အဖွဲ့တစ်ခုအဖြစ် လေးစားအသိမှတ်ပြုသည်ဟု ပြောဆိုထားသည်။

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်သူလူထုထောက်ခံမှူကို ရယူကာ လွတ်မြောက်ရေးအတွက် ဖက်ဆစ်စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်ကာ ရက္ခိုင်ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေသည့် တပ်တော်ဖြစ်​ပြီး ရက္ခိုင်ပြည်သူလူထုအကျိုးနှင့် ဖိနှပ်ခံလူမျိုးစုံ ပြည်သူများ၏အကျိုးကို လက်ဆက်သယ်ပိုးနိုင်ပါစေကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်ကို၂၀၀၉ခုနှစ်တွင် လက်ရှိ ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးစီး၍ KIA ထိန်းချုပ်ရာဒေသ ကချင်ပြည်နယ် လိုင်ဇာတွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့ကို ရက္ခိုင့်တပ်တော်နေ့အဖြစ် သင်တန်းအပတ်စဥ် ၁ အဖွဲ့သားများသွေးသစ္စာဆို၍ အတည်ပြုသတ်မှတ်ခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် မြန်မာပြည် မြောက်ပိုင်း မဟာမိတ်နယ်မြေများတွင် မဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်လျက်ရှိပြီး ရခိုင်တွင်လည်း နယ်မြေစိုးမိုးမှုရရှိရေးနှင့် အုပ်ချုပ်ရေး တရားစီရင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ဆောင်နေသည့် တပ်တော်တစ်ခုဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ