Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဦးမျိုးမြင့်ဇော်ကျူးလွန်သည်ဟု တစ်ကြိမ်မှ APA တရားရုံးတွင် ဝန်မခံခဲ့ကြောင်းနှင့် APA ကချမှတ်လိုက်သည့် သေဒဏ်အမိန့်ကို မကျေနပ်၍ အယူခံအဆုံးထိတတ်သွားမည်ဟု ဇနီးဖြစ်သူပြော

ABN- ရှိုင်းမိုး

ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ဒေသတရားရုံးက မနွယ်သန္တာဝင်းအသတ်ခံရမှုနှင့်ပတ်သက်၍ ဦးမျိုးမြင့်ဇော်အား ပြစ်မှုထင်ရှားသဖြင့် ယခုလ ဖေဖော်ဝါရီလ ၃ ရက်နေ့က ကြိုးကွင်းစွပ် သေဒဏ်ချမှတ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခက အတည်ပြု ပြောကြားခဲ့သည်။

ထိုသို့ ဦးမျိုးမြင့်ဇော်အား သေဒဏ်ပေးမှုနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသည့်အတွက် တရားရုံးချုပ်သို့ အဆုံးထိ အယူခံတက်သွားမည်ဖြစ်ကြောင်းနှင့် ဦးမျိုးမြင့်ဇော်မှာ ထိုအမှုအား ကျူးလွန်သည်ဟု တစ်ကြိမ်မျှ ဝန်မခံခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်ဝေဝေဆန်းက ပြောသည်။

“ ဒီအမှုကို သေသေချာချာ စုံစမ်းစေချင်ပါတယ်၊ ULA တရားရုံးက ကျွန်မယောက်ျားကိုဝန်ခံခဲ့တယ်လို့ ပြောတာက သူတို့ လုပ်ထားတာပဲ ဖြစ်ပါတယ်၊ ကျွန်မယောက်ကျားကိုယ်တိုင် ထွက်ဆိုထားတဲ့ စကားလုံးတွေမဟုတ်ပါ၊ တရားခွင်မှာ ပြောတာကို နွယ်သန္တာဝင်း မိသားစုတွေလည်း ကြားပါတယ်၊ တရားခွင်မှာ မှတ်တမ်း videoဖိုင်လည်း ရိုက်ထားတာရှိပါတယ်၊ အဲဒီ video ဖိုင်မှာလည်း မျိုးမြင့်ဇော်ဝန်ခံထားတာမရှိပါဘူး၊ တရားလိုဖက်က သက်သေတွေကိုလည်း ပြည့်ပြည့်စုံစုံ တင်ပြခွင့်မရှိပါ၊ ကျွန်မယောကျ်ားက ပြစ်မှုကျူးလွန်ကြောင်း တစ်ကြိမ်မှ ဝန်ခံခဲ့တာမရှိပါဘူး၊ အဲဒါကြောင့် ဘာအချက်နဲ့ သေဒဏ်ချမှတ်လည်း ဆိုတာကို မကျေနပ်လို့ ကျွန်မအယူခံဆက်တတ်တာဖြစ်ပါတယ်” ဟု ကိုမျိုးမြင့်ဇော်ဇနီးမှ ပြောသည်။

ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့တရားရုံးက တရားခံ ဦးမျိုးမြင့်ဇော်ကို သေဒဏ်ချမှတ်ပြီးဖြစ်သော်လည်း အခွင့်အရေးပေးသည့်အနေဖြင့် တရားရုံးချုပ်တွင် အယူခံဝင်ခွင့်ပေးထားကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ဖေဖော်ဝါရီလ ၃ ရက်နေ့က ABNသို့ ပြောထားသည်။

သမီးတစ်ဦး ဆုံးရှုံးလိုက်ရသည့် ဖခင် တစ်ဦးအနေဖြင့် မည်သည့် အခါမျှ ကျေနပ်နိုင်မည် မဟုတ်ကြောင်းနှင့် အပြစ်ကျူးလွန်သူအား ဥပဒေအရ အရေးယူဆောင်ရွက်စေလိုကြောင်း ABN ကိုပြောသည်။

“ကျွန်တော်က သမီးဆုံးရှုံးထားရတာ ဘယ်လိုကျေအေးပါ့မလဲ၊ ပြီးတော့ ကျွန်တော်သမီးက ကျောင်းသူ သူ့မှာ ဘာအပြစ်မှ မရှိပါဘူး၊ အဲဒါကို အခုလို သတ်ဖြတ်ခံလိုက်ရတာဟာ ကျွန်နော့်အနေနဲ့ ဘယ်လိုကျေအေးပေးလို့ရနိုင်ပါ့မလဲ၊ ဒါကြောင့် အပြစ်ကျူးလွန်တဲ့ သူကိုတော့ာ အပြစ်ပေးရပါမေ” ဟု မနွယ်သန္တာဝင်း၏ ဖခင်ကပြောသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ အသက်(၁၈)နှစ်အရွယ် မနွယ်သန္တာဝင်းသည် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် စစ်တွေမြို့၊ မေယုလမ်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးရှိ ပလပ်စတစ်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်၌ အလုပ်လုပ်ကိုင်နေစဥ်အတွင်း ဓားဖြင့်ထိုးသတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့မှ အမှုနှင့် ဆက်စပ်သံသယရှိသူဖြစ်သည့် ထိုဆိုင်၏ မန်နေဂျာဖြစ်သူ ဦးမျိုးမြင့်ဇော်ကို သြဂုတ်လအတွင်းတွင် ဖမ်းဆီးပြီး တရားရုံးတင်စစ်ဆေးပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့တွင် ဒေသဆိုင်ရာတရားရုံးမှ တရားခံ ဦးမျိုးမြင့်ဇော်ကို ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ( ၁ ) ( ဂ )အရ ‌သေဒဏ်ချမှတ်လိုက်ကြောင်း ဦးခိုင်သုခ ပြောကြားချက်အရ သိရသည်။

ဦးမျိုးမြင့်ဇော်ကျူးလွန်သည်ဟု တစ်ကြိမ်မှ APA တရားရုံးတွင် ဝန်မခံခဲ့ကြောင်းနှင့် APA ကချမှတ်လိုက်သည့် သေဒဏ်အမိန့်ကို မကျေနပ်၍ အယူခံအဆုံးထိတတ်သွားမည်ဟု ဇနီးဖြစ်သူပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ