Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိုင်ဒင်ရွာသစ်မှ လက်နက်ကြီးကျည် ထိမှန်၍ ဒဏ်ရာရသူ အရပ်သား ဆေးကုသရန် အခက်အခဲဖြစ်နေ

ယနေ့ မနက်က စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် ကျည်ထိမှန်သည့် ပုဏ္ဏားကျွန်းအနီးအိုင်ဒင်ရွာသစ်မှ အရပ်သား ကလေးတစ်ဦး ဆေးကုသခွင့်ရရန် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

ဒဏ်ရာရရှိသူမှာ ပုဏ္ဏားကျွန်းမြို့အနီး အိုင်ဒင်ရွာသစ်မှ အဖဦးမောင်စောသိန်း၏သား မောင်စိုးဝင်းဦး အသက် ၁၅ နှစ်ဖြစ်ပြီး ၎င်းတွင် ပေါင်တွင် ပြင်းထန် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ထိုဒဏ်ရာရရှိသွားသူအား စစ်ကောင်စီတပ်များမှ လက်နက်ကြီးများအဆက်မပြတ် ပစ်ခတ်နေသဖြင့် အချိန်မှီဆေးကုသရန် ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံသို့ သယ်ဆောင်ဖို့ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

” ၁၅ နှစ်သားအရွယ် ကလေးတစ်ယောက် ပေါင်မှာ ပြတ်လုနီးပါး ဒဏ်ရာရသွားပါတယ်။ ဆေးကုဖို့ အခက်အခဲ ဖြစ်နေပါတယ်။ ချက်ချင်း မကုရင် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ လက်နက်ကြီးက အဆက်မပြတ် ပစ်ခတ်နေတုန်းပါ ဘယ်လိုမှ ထွက်လို့မရဘူးဖြစ်နေတယ်” ဟု လုံခြုံရေးကြောင်း အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ပြောသည်။

လက်ရှိ သတင်းရေးနေသည့် အချိန်တွင်လည်း လက်နက်ကြီး ပစ်ခတ်သံများ ဆက်တိုက် ကြားနေရဆဲ ဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရသိရသည်။

———————————————-

အိုင်ဒင်ရွာ နောက်ဆက်တွဲသတင်း

အိုင်ဒင်ရွာမှ အသက် ၁၅ နှစ်အရွယ်တစ်ဦးအပြင် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင်လည်း ခါးတွင် အနည်းငယ် ထိခိုက် ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရှိရသည်။

အိုင်ဒင်ရွာမှ ရွာသားအများစုမှာ ကြောက်လန့်ပြီး နီးစပ်ရာသို့ ထွက်ပြေး ပုန်းရှောင်နေကြကြောင်း သိရသည်။

ရွာတွင် ထွက်ပြေးရန် မစွမ်းနိုင်သည့် သက်ကြီးပိုင်းအရွယ်များသာ ကျန်ရှိတော့ကျောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ