Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိုင်ဒင်ရွာမှ ပေါင်ဒဏ်ရာ ရရှိသွားသည့် လူနာ စစ်တွေဆေးရုံသို့ရောက်ရှိ၊ ပေါင်ကို ဖြတ်ရနိုင်‌ခြေရှိနေ

ယနေ့ မနက် က စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် ကျည်စ ထိမှန်သဖြင့် ပေါင်တွင် ပြင်းထန် ဒဏ်ရာ ရရှိ သွားသည့် အိုင်ဒင်ရွာမှ လူငယ် စစ်တွေ ဆေးရုံသို့ ယနေ့ နေ့လည် ၁ နာရီ ၃၆ မိနစ်က ရောက်ရှိ သွားပြီ ဖြစ်ပြီး ဆေးကုသမှုခံယူနေရကြောင်း မေတ္တာရောင်ခြည် ဖောင်‌ဒေးရှင်းက ပြောသည်။

ထိုလူငယ်မှာ အိုင်ဒင်ရွာမှ အဖ ဦးမောင်စောသိန်း၏သား မောင် စိုးဝင်းဦး အသက် ၁၅ နှစ်ဖြစ်ပြီး ၎င်း၏ ညဖက်ပေါင်တွင် ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

လူနာ၏ ဒဏ်ရာမှာ အရိုးကျေသွားသဖြင့် ပေါင်ကို ပိုင်းရမည့် အ‌‌ခြေအနေရှိသည်ဟု မေတ္တရောင်ခြည် ဖောင်ဒေးရှင်းမှ ကိုမြတ်သူကျာ်ကသုံးသပ်ပြောဆိုသည်။ ဒဏ်ရာ၏ အ‌‌‌‌ခြေအနေ အတိအကျကို ဆရာဝန်၏ အဖြေကို ရမှသာ သိနိုင်မည် ဖြစ်‌ကြောင်း ဆက်ပြောသည်။

“အသားတွေ ပဲ့ထွက်ပြီးတော့ ပေါင်နား လက်သုံးလုံးလောက်ကို ထိသွားပါတယ်။ အရိုးတွေလည်း ကျေသွားတယ်။ နပ်စ်တွေကတော့ အသားစတွေကို ဖယ်ပြီး ဆေးကုနေကြပါတယ်။ ပေါင်းက ပိုင်းရ မပိုင်း အခြေအနေကိုတော့ ဆရာဝန် ရောက်မှပဲ သိနိုင်မယ်” ဟု မေတ္တာရောင်ခြည် ဖောင်‌ဒေးရှင်းက ကိုမြတ်သူကျော်က ပြောသည်။

ယခု ညနေ ၃ နာရီ ၃၄ မိနစ် အချိန်ထိ ပုဏ္ဏားကျွန်း မြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး သံများ ဆက်တိုက် ကြားနေရဆဲ ဖြစ်ကြောင်း ဒေသခံများက ABN ကို ဖုန်းဆက်ပြောလာကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ