Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီးမှုများတည်ဆောက်ပြီး နှစ်ဘက်ပြည်သူများ အကျိုးရှိမည့်လုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ULA/AA ပြောဆို

အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီးမှုများတည်ဆောက်ပြီး နှစ်ဘက်ပြည်သူများ အကျိုးရှိမည့်လုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ULA/AA ပြောဆို

AB News – မတ်လ ၄၊ ၂၀၂၄

ရက္ခိုင်နှင့် ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီးမှုများတည်ဆောက်ပြီး နှစ်ဘက်ပြည်သူများ အကျိုးရှိမည့်လုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူက ယနေ့ မတ်လ ၄ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျနော်တို့ လက်ထက်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိချင်သလို နှစ်ဘက်ပြည်တွေ အကျိုးရှိမယ့် လုပ်ငန်းတွေကို ULA/AA အနေနဲ့ ပူးပေါင်းလုပ်ဆောင်လိုတဲ့ ဆန္ဒရှိိတယ်။ အပြည့်အဝ ပူးပေါင်းလုပ်ဆောင်သွားဖို့လဲ ကျနော်တို့ ပြင်ဆင်နေတယ်” လို့ ဆိုထားသည်။

တရားမဝင် ကုန်သွယ်ရေးလုပ်ငန်းများကိုလည်း တရားဝင်ကုန်သွယ်ရေးအဆင့်ကို တက်လှမ်းနိုင်အောင် ဆက်လက်ပြီး ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့အပြင် တရားဝင်ကုန်းသွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ့သည့် နေရာများတွင်လည်း နှစ်ဖက်ပြည်သူများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်ရှိ တောင်ပြိုလက်ယာစခန်းနှင့် ဖေဖော်ဝါရီလ ၆ရက်နေ့တွင် တောင်ပြိုလက်ဝဲဗျူဟာကို ရက္ခိုင့်တပ်တော်ကသိမ်းပိုက်ခဲ့ပြီးနောက် ရက္ခိုင်-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ရက္ခိုင့်တပ်တော်က စိုးမိုးထားသည်ကို တွေ့ရှိရသည်။

ထို့အပြင် ပလက်ဝဖက်မှ အိန္ဒိနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကိုလည်း ရက္ခိုင့်တပ်တော်က စိုးမိုးထားလျက်ရှိသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ