Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အားပြင်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့ နှင့် မြန်မာနိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းသို့ မေလ ၁၄ ရက်နေ့ ညနေ ၆ နာရီတွင် ဝင်ရောက်နိုင်ဖွယ်ရှိ

အားပြင်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့ နှင့် မြန်မာနိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းသို့ မေလ ၁၄ ရက်နေ့ ညနေ ၆ နာရီတွင် ဝင်ရောက်နိုင်ဖွယ်ရှိ

ABN-နွယ်စိုး

အားပြင်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မနက်ဖြန် မေလ ၁၄ ရက်နေ့ ညနေ ၆ နာရီတွင် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့နှင့် မြန်မာနိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းသို့ ဝင်ရောက် တိုက်ခတ်နိုင်ခြေရှိကြောင်း ဘင်္ဂလားဒေ့ရှ် မိုးဇလ ထုတ်ပြန်ချက်အရ သိရသည်။

ကော့ဇ်ဘဇားမြို့နှင့် မြန်မာကမ်းရိုးတန်း‌ဒေသများအနေဖြင့် ယနေ့ ညနေပိုင်းတွင် အလွန်အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်၏ ဘေးထွက်ဆိုးကျိုးများကို ကြုံတွေရနိုင်ဖွယ်ရှိသည် ဟု ဘင်္ဂလားဒေ့ရှ် မိုဇလ ထုတ်ပြန်ချက်တွင် ဖော်ပြထာားသည်။

ထို့အပြင် အားပြင်းသည့် မိုခါမုန်တိုင်းသည် နံနက် ၆ နာရီနှင့် ညနေ ၆ နာရီတို့ကြား ရခိုင်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့မှ ဖြတ်ကျော်နိုင်ဖွယ်ရှိပြီး ဆိုင်ကလုန်းမုန်တိုင်၏ ဗဟိုပြုချက်မှာ အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၅၀ မှ ၁၇၅ ကီလိုမီတာအထိ တိုက်ခတ်နိုင်ဖွယ်ရှိပြီး ကျောက်ဖြူမြို့နှင့် စစ်တွေမြို့အနီးနားတွင် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်ဖွယ်ရှိသည်ဟု သိရသည်။

အဆိုပါမုန်တိုင်းကြောင့် အချို့နေရာ၌ ရေကြီးမှုမှာ အမြင့်ပေ ၈ ပေမှ ၁၂ ပေအထိ မြင့်တက်နိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်မြန်မာ နှစ်နိုင်ငံလုံးသည် မိုချာမုန်တိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ရမည့် နေရာအများစုဖြစ်ပြီး ထိုနေရာများသည် မြေနိမ့်ဧရိယာများဖြစ်ကာ ရေကြီးနိုင်ဖွယ်လည်းရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ